Chapter (8.1)

5.3K 514 15
                                    

Chapter (8.1) တကယ်လို့ မင်း ထွက်သွားခဲ့ရင်

မော့ရှန်း စာရွက်ပေါ်မှ အင်္ဂလိပ်စာလုံးတွေကို စိုက်ကြည့်နေမိသည်၊ မတရားလိုက်တာ .. ဒီလောက် နှစ်အကြာကြီး ပြည်ပမှာ နေလာတာ အလကားပါပဲလား။

ရိချန်းကို မေးရမလား။ လှမ်းကြည့်လိုက်တော့ သူလည်း အလုပ်များနေပုံရသည်မို့ သူ့ကို အနှောက်အယှက် မပေးချင်တော့။

ရုတ်တရက် ဖုန်းမြည်လာပြီး ရုံးခန်းအတွင်းရှိ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလာသည်။ သူ့ရဲ့ ညာဘက်လက်ဖြင့် စာရွက်စာတမ်းများကို လှန်လှောနေကာ၊ ဘယ်ဘက်လက်ဖြင့် ဖုန်းကို ယူကိုင်လိုက်၏။

"ဟယ်လို .. ကျတော်လား ရုံးမှာ၊ ဟင့်အင်း .. ဒီနေ့မှ လုပ်စရာရှိလေး ပေါ်လာလို့"

တစ်ဖက်မှ ဘာပြောလိုက်သည်မသိ၊ ရိချန်း ရယ်မောလိုက်သည်။

"လောင်ကျိုး .. ခင်ဗျား ဘယ်တုန်းက အောင်သွယ်တော် ဖြစ်သွားတာတုန်း"

တစ်ဖက်မှ လောင်ကျိုးက .. "ငါ့မိန်းမက တိုက်တွန်းနေလို့ပါကွာ၊ ပြီးခဲ့တဲ့အခေါက် တရားရုံးကို သူ ရောက်လာတုန်းက မင်းကို မြင်သွားတယ်လေ။ အဲ့ဒီကတည်းက သူ့တူမနဲ့ မင်းကို မိတ်ဆက်ပေးဖို့ ကြံစည်နေတော့တာပဲ။ ငါ့မိန်းမမှာ တခြား ဝါသနာမရှိဘူး၊ အဲ့ဒီ အောင်သွယ် လုပ်ချင်တာလေး တစ်ခုပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဟယ့်လေး ရာ .. ဒါက ငါ့မိသားစု မို့ ပြောတာ မဟုတ်ဘူး၊ ငါ့မိန်းမရဲ့ တူမလေးက တကယ် တော်တယ်။ ပညာရေးရော၊ ရုပ်ရည်သွင်ပြင်ရော၊ သူ့ အမူအကျင့်ရော အားလုံး မင်းနဲ့ လိုက်ဖက်ညီနေတာ။ မင်း ဘာလို့ မစဉ်းစားကြည့်တာလဲ။"

ရိချန်း ပြုံးမိသည်။

"လောင်ကျိုး .. ခင်ဗျားက ကျတော့်ကို အပြင်မှာ ဇာတ်လမ်းရှုပ်တဲ့ အိမ်ထောင်သည်လို ဖြစ်စေချင်နေတာလား"

"ဘာကို ဇာတ်လမ်းရှုပ်တဲ့ အိမ်ထောင်သည်လဲ ကွ" လောင်ကျိုး ရဲ့ တုံ့ပြန်မှုက အချိန်နှောင်းသွားခဲ့ပါပြီ။

"မင်းက လက်ထပ်ပြီးပြီလို့ ပြောနေတာလား။" ထအော်မိပြီးတော့မှ သူ့ကိုယ်သူ ချက်ချင်း ပြန်ထိန်း၏။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now