Epilogue (1.3) ရိမေ့

3.5K 358 20
                                    

Epilogue (1.3) ရိမေ့ (လူတစ်ယောက်ရဲ့ အချစ်ပန်းလေး ပွင့်ဖူးခြင်း)

ထိုနေ့က ကျမ စိတ်တို့ အစိုးမရဘဲ စီတက္ကသိုလ်ထဲ ရိချန်းကို သွားတွေ့ခဲ့သည်။

စီ တက္ကသိုလ်တွင် ဖော်ပြမထားသော စည်းကမ်း တစ်ခုရှိသည်၊ ထိုဟာမှာ "ယောကျ်ားလေးများအား မိန်းကလေးဆောင်သို့ ဝင်ခွင့်မပြု၊ သို့သော် မိန်းကလေးများ ယောကျ်ားလေးဆောင်သို့ သွားနိုင်သည်" ဟူ၏။ ထို့ကြောင့် ရိချန်းရဲ့ အဆောင်ကို သွားရန် ကျမအတွက် ဘယ်လို အတားအဆီးမှ မရှိပေ။

ရိချန်းကတော့ ထိုနေရာမှာ မရှိနေခဲ့။

ကျမကို သိထားသော ရိချန်း၏ အခန်းဖော် ဖြစ်သူက အရင်ဆုံး ကျမကို မေးလာသည်မှာ ကျောက်မော့ရှန်း ထွက်သွားမယ်ဆိုတာ ကျမ သိထားသလား ဟုပင်။

ကျမ တွန့်ဆုတ် သွားမိသည်။

ရိချန်း ပြန်မရောက်လာခင် အတွင်း သူ့အခန်းဖော်က သူ သိထားသမျှ ကျမကို အကုန် ပြန်ပြောပြခဲ့သည်။ အဆုံးသတ်မတော့ သူက ကျမအား ရိချန်းအား နှစ်သိမ့်ပေးဖို့၊ ထိုကဲ့သို့သော နှလုံးသားမရှိသည့် မိန်းကလေးမျိုးဟာ သူ သတိရနေဖို့ မထိုက်တန်ပါ ဟု ပြောပြပေးဖို့။

အဲ့ဒီနောက်တော့ သူပြောတာတွေ ကျမ အာရုံထဲ မရှိတော့။ ကျမစိတ်ထဲ ဖြစ်နိုင်သမျှ မျိုးစုံ ကြိုခန့်မှန်းထားခဲ့သော်လည်း၊ ထိုအထဲတွင် ကျောက်မော့ရှန်း ဒီအတိုင်း ထွက်သွားမည့် အကြောင်းတော့ မပါခဲ့။ ကျမစိတ်ထဲ သူ ဘာလို့ ဒီလိုနဲ့ ထွက်သွားလိုက်ရတာလဲဆိုတာကိုပင် တွေးနေမိသည်။ သူတို့ပြောသလိုပဲ တကယ်ပဲ ပြည်ပမှာ ပညာသင်သွားတာလား၊ စကားတစ်ခွန်းတောင် မချန်ခဲ့ဘဲနဲ့လေ။ ဒါမှမဟုတ် ကျမ ပြောလိုက်တဲ့ စကားကြောင့်လား။ ဒါဆို ကျမ ပြောခဲ့တာတွေကို ရိချန်း ဆီမှာ ပြောသွားသေးတာလား..

ကျမစိတ်ထဲ မတည်ငြိမ်နိုင်တော့သည့် အချိန်မှ ရိချန်းက ဥပဒေ ဌာနမှ ပြန်ရောက်လာသည်။ သူ့ကြည့်ရတာ အဆင်ပြေပုံ ရသော်လည်း မျက်တွင်း အနည်းငယ် ချောင်နေကာ မျက်နှာက မသာမယာဖြစ်နေပုံ ရပြီး သူ့မျက်ဝန်းတွေကတော့ နက်မှောင်နေသည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Donde viven las historias. Descúbrelo ahora