Chapter (2)

5.8K 596 14
                                    

Chapter (2) အလှည့်အပြောင်း

အနောက်ဘက်တွင် နေဝင်စ ပြုနေပြီ။ ကျနေရောင်ကြောင့် ကောင်းကင်တပြင်လုံး တိမ်ရောင်တောက်ပနေ၏။

ဟယ့်ရိချန်းမှာ ဆယ်ထပ်ရှိ ရုံးခန်းထဲ မှန်ပြတင်းနား ရပ်နေပြီး ကျနေရောင် နှင့် တိမ်တောက်နေသည့် အလှတရားအား ဘာလို့ ခံစားမိနေသလဲဟုပင် ပြန်အံ့သြနေရသည်။

ထိုမိန်းကလေး ပြန်ရောက်လာတာကြောင့်လည်း ဖြစ်နိုင်ပါသည်။

မေ့ထင်း တံခါးဖွင့်လိုက်တော့ ကျောခိုင်းထားသော ရှေ့နေဟယ့်ကို ပြတင်းပေါက်နား ရပ်နေတာ တွေ့လိုက်ရသည်။ လက်ထဲတွင် စီးကရက် တစ်လိပ်နှင့် အထီးကျန်နေသော အသွင်.. အထီးကျန်နေတာလား။ မေ့ထင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်မိရသည်။ ဒီလို စကားလုံးမျိုးက ရှေ့နေဟယ့်အတွက် သုံးသင့်ရဲ့လား၊ အမြဲတမ်း ယုံကြည်မှု အပြည့်ရှိနေတဲ့သူ၊ တည်ငြိမ်ပြီး စဉ်းစဉ်းစားစား ရှိနေတတ်သူလေ။

တံခါးဖွင့်သံကြောင့် ရိချန်း လှည့်ကြည့်လာသည်။

"ဘာကိစ္စ ရှိလို့လဲ"

"သြော" မေ့ထင်းမှာ ကိုယ့်အတွေးနှင့်ကိုယ် မျောနေရာမှ သတိပြန်ကပ်လာရပြီး ခပ်သွက်သွက် ပြန်ဖြေရသည်။

"ရှေ့နေဟယ့်၊ ဟုန်ယွမ် ကော်ပိုရေးရှင်းက ကိုယ်စားလှယ်ကျန်း ရောက်နေပါပြီ"

"သူ့ကို အထဲကို ဖိတ်လိုက်ပါ"

ရီချန်း သူ့ရဲ့ တောင်စဉ်ရေမရ အတွေးတို့ကို စွန့်ကာ အလုပ်ထဲ စိတ်အပြည့် ပြန်နှစ်မြှုပ်ထားလိုက်ရ၏။ နံရံရှိ နာရီကို ကြည့်မိတော့ .. ၅ နာရီ၊ ဒါပေမဲ့ သူ(မ) လေး မရောက်လာသေး။

နောက်ဆုံး ကိုယ်စားလှယ်ကျန်းကို လိုက်ပို့ နှုတ်ဆက်ပြီးသည့်အချိန် ရိချန်း ထိုင်ခုံပေါ် မှီချရင်း မျက်ဝန်းတို့ မှိတ်ကာ အနားယူမိသည်။ ရုတ်တရက် သူ့ပခုံးပေါ် လက်ဖဝါးကြီးတစ်ဖက် ကျရောက်လာ၏၊ ရိချန်းရဲ့ မျက်ဝန်းတို့ ဆတ်ခနဲ ပွင့်သွားပြီး..

"လောင်ယွမ်"

တက္ကသိုလ်မှ ဘွဲ့ရပြီးချိန် ဘွဲ့လွန် ဆက်လေ့လာရန် ကမ်းလှမ်းမှုအား ငြင်းပယ်ခဲ့ပြီး "ယွမ်ရှန်း ရှေ့နေရုံး" တွင် စတင် အလုပ်ဝင်ခဲ့သည်။ သို့နှင့် ရုံးနာမည် "ယွမ်ရှန်းဟယ့် ရှေ့နေရုံး" ဖြစ်လာကာ သူပါ တွဲဖက်တစ်ယောက် ဖြစ်လာခဲ့သည်။ လောင်ယွမ် နှင့် အခြား တွဲဖက်ဖြစ်သူ ရှန်းဟိန် တို့မှာ စီ တက္ကသိုလ် မှ ဖြစ်ကြပြီး၊ ရှန်းဟိန်ထက် တစ်နှစ်နောက်ကျပြီးမှ ဘွဲ့ရသူ ဖြစ်ကာ ၊ လောင်ယွမ်ကတော့ နှစ်တော်တော် စောသည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now