Chapter (4.2)

5K 538 7
                                    

Chapter (4.2) ကံကြမ္မာ အလိုအတိုင်း

မြို့ထဲ ပြန်ရောက်ချိန်တွင် ကောင်းကင်တစ်ခုလုံး မှောင်နေလေပြီ။ ဖုန်းမှ နာရီကို လှမ်းကြည့်မိသည်၊ ကြည့်ရတာ မနက်ဖြန်မှသာ ပြန်နိုင်တော့မည် ထင်သည်။ မြို့ထဲ တည်းခိုစရာ ဟိုတယ်အချို့ စုံစမ်းလိုက်သော်လည်း အကုန်လုံး နေရာပြည့်နေပြီ ဟု ဖြေကြသည်။ နောက်ဆုံးမှာတော့ ဈေးကြီးလှသော မြို့လယ်ခေါင် ဟိုတယ်တစ်ခုမှာ နေရာရ၏။ ရေချိုး အဝတ်တွေ ခြောက်အောင်လုပ်ပြီးနောက် အိပ်ဖို့ အချိန် စောသေးသည်မို့ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ဟိုတယ် အပြင်ဘက်တွင် Y မြို့၏ အစည်ကားဆုံး နေရာဖြစ်သော ဈန်းကွမ်လမ်း ရှိသည်။ Y မြို့ရဲ့ ရှုမျှော်ခင်းများကြောင့် ခရီးသွား မြို့လေးအဖြစ် လူသိများသည်။ ဒီရက်ထဲ လမ်းပေါ်တွင် ပြည်ပခရီးသွားဧည့်သည်များ များပြားနေသည်။ ရိချန်း နှင့် ပထမဆုံး Y မြို့မှာ ဆုံတွေ့ခဲ့စဉ်ကလည်း ဒီလို လူစည်ကားသည့် လမ်းပေါ်မှာ ဖြစ်ကြောင်း ပြန် အမှတ်ရလာမိ၏။

ထိုစဉ်က သူတို့ နှစ်ယောက် တွဲနေပြီ ဖြစ်သည်။ သို့သော်လည်း ပထမနှစ်ဝက် ဆောင်းရာသီပိတ်ရက် အိမ်ပြန်ချိန် ရောက်သောအခါ၊ ရိချန်းက သူ့အိမ် ဖုန်းနံပါတ်ကို မော့ရှန်းအား ပေးဖို့ ဘယ်လောက်ပြောပြော ငြင်းနေခဲ့သည်။ အဲ့သည်တုန်းက မိမိစိတ်ထဲ စိတ်ပျက်မှု နှင့် ဝမ်းနည်းမှုများသာ ရှိနေခဲ့သည်။ ချစ်သူရည်းစား ဖြစ်နေပြီး၊ ကိုယ့်ချစ်သူကောင်လေးရဲ့ အိမ်ဖုန်းနံပါတ်တောင် မသိရဘူးတဲ့။ ရထားဘူတာရုံထဲ လမ်းမခွဲသွားခင် မော့ရှန်းကို ချော့မရတော့၊ ဒီ့အတွက် ဒေါသထွက်နေသည်မို့ လှည့်ထွက်ပြေးလာခဲ့သည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်လောက် ပြေးပြီးချိန်မှာ စိတ်ထဲ နောင်တ ရလာပြီ၊ ဘာလို့ ဒေါသထွက်နေရတာလဲ၊ အရှက်မဲ့သည့် အပြုအမူများ ဆက်လုပ်နေမိတာပဲ ဖြစ်မည်၊ ရိချန်ရဲ့ ရင်ထဲကတော့ စိတ်ပျော့နေလောက်ပါပြီ။ သို့သော် ပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ ၊ ဘူတာရုံရှေ့တွင် ရိချန်း ရှိမနေတော့ပါ။

အိမ်ပြန်ရောက်တော့ စိတ်ထဲ မကောင်း၊ ဘာမှ စားချင်စိတ်လည်း မရှိသလို၊ ကြည့်နေသည့် တီဗီမှ ဘာတွေ ပြနေမှန်းပင် မသိ။ နောက်ပိုင်းမှာတော့ အပြင်ကို နေ့တိုင်း ထွက်ပြီး ရိချန်းနှင့် ဆုံဆည်းနိုင်မည့် ဖြစ်ရပ်များကိုသာ တွေးနေတော့သည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ