Chapter (9.2)

5.5K 532 8
                                    

Chapter (9.2) Constant Temperature

ရိချန်း အိပ်ခန်းထဲ ဝင်လာချိန်၊ အိပ်ရာပေါ် လှဲပြီး ခေါင်းကို ခေါင်းအုံးထဲ နှစ်ထားသည့် မော့ရှန်းအား မြင်ရ၏၊ .. ရှက်သွား၍ ထင်ပါသည်။

ရိချန်း ကုတင်နားသို့ သွားကာ သူမလေးအား သူ့ရင်ခွင်ထဲ ဆွဲမ.ယူ လိုက်၏။

"မင်းပြောတော့ မနက်ဖြန်အထိ ပြန်မလာနိုင်လောက်သေးဘူး ဆို"

"ဟုတ်တယ်လေ.. ဒါပေမဲ့ ကျမတို့ စောစောပြီးသွားတော့ ကျမလည်း သူများတွေ မပြန်ခင် စောပြီး ပြန်လာလိုက်တာပေါ့"

"ဘာလို့လဲ"

ဘာလို့လဲ ဆိုတာက ဘာကြီးလဲ။ မော့ရှန်း ချက်ချင်းပင် စကားလွှဲပြီး.. လေသံမသဲမကွဲဖြင့်..

"ရှောင်ဟုန်တော့ အပြစ်တင်နေတော့မှာပဲ၊ ကျမ သူ လိုချင်တာတွေ အကုန်လုံး စေ့အောင် မဝယ်ပေးနိုင်လို့.."

ရိချန်း က သူမလေးရဲ့ တတွတ်တွတ် ပြောနေမှုကို သူနှုတ်ခမ်းတို့ဖြင့် ဟန့်တားလိုက်သည်။ သူမလေးရဲ့ ပါးပြင်၊ နှုတ်ခမ်းနှင့် လည်တိုင်တို့အား နမ်းရှိုက်ရင်း သူ့ အသက်ရှူသံတို့က သူမလေးနှင့် ရောယှက်သွားပြီး၊ စိတ်မရှည်နိုင်တော့သလို ဖြစ်လာသည်။

".. မင်း ကိုယ့်ကို ဆွဲဆောင်နေတာပဲ"

ရှေ့နေကြီးဟယ့်က အခုလေးတင် အသားယူခံလိုက်ရသည့် သူမအား၊ သူမ ကျူးလွန်ထားသည့် ပြစ်မှုအား ထုတ်ပြောလာသည်။ သူ့ရဲ့ အသံသြသြ တိမ်တိမ် ထဲ ချစ်မြတ်နိုးမှုများ ပါနေသလို၊ မကျေမနပ်ဖြစ်မှုတို့လည်း ပါဝင်နေသည်။

မော့ရှန်း မှာ ဒါကို မကောင်းပြောခံရသလိုမျိုး မျက်လုံး အပြူးသားဖြင့် ..

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"... မင်းက ကိုယ့်ညအိပ်ဝတ်စုံကို ဝတ်ထားတာကိုးလို့"

"ရှင့်ရဲ့ ဝတ်စုံပဲ ရေချိုးခန်းထဲ တွေ့တာနဲ့၊ ကျမဟာကို ယူလာဖို့ မေ့သွားလို့လေ။ ပြီးကျတော့ ပြန်လဲဖို့ မေ့နေတာနဲ့..." မော့ရှန်းရဲ့ စိုးရိမ်မှုနှင့် ဗလုံးဗထွေး ပြောလာသည့် စကားတို့က မကျေမနပ်ဖြစ်နေပုံလည်း ရသည်။ စိတ်ထဲ အမှုမဲ့၊အမှတ်မဲ့နိုင်မှုအတွက် နောင်တရနေပုံလည်း ပေါ်၏။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)حيث تعيش القصص. اكتشف الآن