Chapter (6.1)

5K 523 10
                                    

Chapter (6.1) ကွေ့ကွင်းရခြင်း

တံခါးက သော့မခတ်ထား၊ ထို့ကြောင့် မော့ရှန်း တွန်းဖွင့်လိုက်သည်။ အခန်းက နှစ်ယောက်ခန်း။ တစ်ဖက် ကုတင်မှာ လွတ်နေပြီး၊ ရိချန်းရဲ့ ကုတင်က ပြတင်းပေါက်နားတွင် တည်ရှိသည်။ တံခါးဖွင့်လိုက်သည့် အသံကြောင့် သူ မနိုးသွားပါ။ IV ချိတ်ထားဆဲ ဖြစ်ပြီး၊ သူကတော့ အိပ်ပျော်နေသည်။

မော့ရှန်းရဲ့ နှလုံးသားလေး မမြင်နိုင်သည့် ကြိုးတို့ ဆွဲလိုက်သလို တင်းကျပ်သွားရသည်။ ခြေတစ်လှမ်းချင်း လှမ်းကာ သူ့အနား ကပ်လာမိတော့ ထိုကြိုးက တဖြည်းဖြည်းချင်း ပိုတင်းလာသလို ရှိသည်။

အိပ်ရာပေါ် လဲလျောင်းနေသည့်သူ၊ မျက်နှာက ဖြူရော်ကာ ပိန်သွယ်နေသည်။ အိပ်နေရင်းတောင် မျက်မှောင်ကုပ်နေသေး၏။ သူနှင့် ထပ်မံ ဆုံတွေ့စဉ်ကတည်းက သူ့ရဲ့ ရုပ်ရည်ချောမောမှုကို သတိပြုမနေမိသော်လည်း အခုတော့ သတိပြုမိရပြီ။ မော့ရှန်းရဲ့ လက်ချောင်းတွေက မသိစိတ်ဖြင့် သူ့ရဲ့ တွန့်နေသည့် မျက်ခုံးတို့ကို တို့ထိမိသွားသည်၊ အဲ့ဒီနောက်တော့ သူ့ရဲ့ မျက်တောင်များ ကို ခပ်ရွရွ ဖြတ်တိုက်သွားသည်။ ထိုမျက်တောင်ပိုင်ရှင် နိုးနေမည့်အချိန်ကို ပုံဖော်မှန်းဆနိုင်ပါသည်၊ ဒီမျက်ဝန်းတစ်စုံက သေချာပေါက် အေးစက်နေပြီး၊ တခါတရံ အနည်းငယ် သရော် လှောင်ပြောင်ချင်ဟန် ရှိနေမည်။

နောက်ဆုံး .. လက်ချောင်းလေးတွေက အတန်ငယ် ဖြူဖျော့နေသည့် နှုတ်ခမ်းသားတို့ထံတွင် ရပ်တန့်သွား၏။ လူအတော်များများက ပြောကြသည်၊ သည်လိုနှုတ်ခမ်းပုံစံက အချစ်ကို ကစားတတ်သူများ ဖြစ်သည် ဟူ၍။ ရိချန်း .. ရိချန်း ၊ ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ အရင်က ကျမဘာလို့ ပြန်မလာနိုင်ရသလဲ ဆိုတာ ရှင် နားမလည်နိုင်ပါဘူး။ ၇ နှစ် ၊ အရာအားလုံး ပြောင်းလဲကုန်ပြီ..

မိမိဘာလုပ်နေမှန်း ပြန် သတိ မပြုမိခင် ထိုလက်ကို မိမိရဲ့ နှုတ်ခမ်းပေါ် ပြန်ထိတွေ့မိသည်။ အပြင် လေအေးထဲမှ လာသည်မို့ မိမိရဲ့ နှုတ်ခမ်းတွေက အေးစက်နေသော်လည်း၊ သူ့နှုတ်ခမ်းတွေကတော့ ထင်မှတ်မထားစွာ နွေးထွေးနေ၏။ ထိုနွေးထွေးမှုက ရုတ်ချည်း ဝမ်းနည်းလာစေသည်။ အဲ့ဒီနောက်မှာတော့ အကြောင်းရင်းမရှိ မျက်ရည်တို့ တစ်ပေါက်ချင်း ပြိုကျလာသည်မှာ ထိန်းချုပ်၍ပင် မရတော့။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now