Epilogue (3.2)

4.5K 414 12
                                    

Epilogue 3.2: တစ်နှစ်ပြီး တစ်နှစ်

ထို သင်ကြားပြသမှုကြီးက အချိန်အတော်ကြာသည်အထိ အပြီးမသတ်နိုင်ခဲ့။

ရိချန်း ဝီရိယကောင်းစွာ ကြိုးကြိုးစားစား ဆက်လက်သင်ကြားပေးမှု ကြီးက မော့ရှန်းအား နွမ်းနယ် ပန်းလျ သွားစေခဲ့သည်။ နောက်ဆုံးမှာတော့ ရိချန်းရဲ့ တောင့်တင်းနေသည့် ရင်ခွင်ကျယ်ထဲ ခြေပစ်လက်ပစ် လဲလျောင်းနေစဉ် အနားနားကပ်၍ ခပ်ဟဟ ရယ်လိုက်သည့် အသံသြသြတိမ်တိမ် ခပ်ဟဟ ရယ်သံကို ကြားရသည်။

"ဘယ်သူက အရှုံးသမားကြီးလဲ ပြောပါဦး"

"ကျမပါရှင် .. ကျမပါ .. ကျမရဲ့ ယောကျ်ားက အထူးကဲဆုံးပါပဲ" မော့ရှန်းသည်က အခြေအနေကို အင်မတန် လိုက်လျောညီထွေ ရှိသူဖြစ်သည်။ သူ့ကို ခပ်ချွဲချွဲဖြင့် သုံးခဲလှသော စကားလုံးဖြစ်သည့် ယောကျ်ား ဟူသည့် အခေါ်အဝေါ်ကြောင့် ၊ ရိချန်းမှာ ဆက်လက် သင်ကြားပေးလိုစိတ်ပင် ပေါက်သွားရသည်။ အကယ်၍ မော့ရှန်းသာ သူမ မှားပါကြောင်း ဝန်မခံပါလျှင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေပေတော့မည်။

"အိုး .. တကယ် ဟုတ်လို့လား" ရိချန်းရဲ့ ပူနွေးနေသည့်လက်တို့က အန္တရာယ်စက်ဝန်းသို့ ရောက်နှင့်ပြီး ဖြစ်နေလေပြီ။

"မင်းက ကိုယ့်ကို ဒီလို ချီးကျူးပေးမှတော့၊ ကိုယ်ကလည်း မင်းကို နောက်ထပ် တစ်ကြိမ်လောက် ပိုပြီး လှိုက်လှိုက်လှဲလှဲလေး ပြုစုပေးချင်ပါသေးတယ်"

"တော်ပါတော့ .." မော့ရှန်းမှာ ညှာတာဖို့ တောင်းပန်ရတော့သည်။

"ကျမ မနက်ဖြန်ကို ပြင်ပရိုက်ကူးရေး သွားဖို့ ရှိသေးတယ်လို့"

မော့ရှန်း သူ့လက်အား ဆွဲယူကာ လက်ချောင်းများ ချိတ်ဆက် လွှဲယမ်းနေ၏။

ရိချန်းက ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည် .. ဤသည်က မော့ရှန်းအား လက်လျော့ပေးလိုက်သည်ဟု ဆိုလိုခြင်း။ သူ့အား ကျီစယ်စကားဆိုပြီးနောက် အခြားအကြောင်းအရာသို့ ခပ်မြန်မြန် စကားလွှဲသွားတတ်သည့် မော့ရှန်းက ..ခဏနေတော့ ခုနက သူဖတ်နေသည့် စာအုပ်အကြောင်း ပြန်တွေးမိသွားပုံဖြင့် .. သက်ပြင်းယဲ့ယဲ့ ချကာ ..

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now