Chapter (7.2) လက်တို့၏ အလျား
သူ့ အမှုသည်နှင့် တွေ့ဆုံနေသည်မို့ လက်ကိုင်ဖုန်းကို မယူသွားခဲ့။ ဖုန်းထဲမှာ ခေါ်ဆိုမှု ၂ ခု ရှိနေသည်။ တစ်ခုမှာ တခြား အမှုသည်ထံမှ ဖြစ်သည်။ ရိချန်း ချက်ချင်း ပြန်ဆက်သွယ်လိုက်ကာ မိနစ်အနည်းငယ်မျှ ပြောပြီး ဖုန်းချလိုက်သည်။ အဲ့ဒီနောက်မှာတော့ နောက်ထပ်တစ်ခု .. သူ ခေါ်ဆိုသည့် အစိမ်းရောင် လေးကို နှိပ်လိုက်သည်။
တစ်ဖက်မှ ချက်ချင်း ဖုန်းကိုင်လာ၏။ "ရိချန်း"
"ဘာဖြစ်လို့လဲ" သူ့အသံက အနည်းငယ် အေးစက်စက်နိုင်နေ၏။
"ဘာမှ မဟုတ်ပါဘူး" သူ့ရဲ့ ထူးမခြားနား လေသံကြောင့် တစ်ဖက်မှ အားလျော့သွားပုံ ရသည်၊ မပြောခင် ခဏ တန့်နေပြီးမှ ..
"ရိချန်း .. ကျမ သော့ ရှာမတွေ့လို့"
-
မော့ရှန်းရဲ့ ပခုံးပေါ်မှာ အိတ်တစ်လုံး လွယ်ထားပြီး လမ်းတစ်ဖက်တွင် သူ့ကို စောင့်နေ၏။ ကော်လာဖတ်ကြီးကြီးပါသည့် ဆွယ်တာတစ်ထည်ကို ဝတ်ဆင်ထားကာ၊ ခေါင်းငုံ့ထားပြီး ကိန်းဂဏန်းတို့ကို ရေတွက်နေ၏။
လမ်းကူးဖို့ မီးနီနေသည်မို့ ခြေလှမ်းတို့ ရပ်တန့်မိစဉ် လမ်းတစ်ဖက်အဝေးမှာ ရှိနေသည့် သူမအား ကြည့်မိသည်။
မပြောင်းလဲသေးသည့် အရာများစွာ ကျန်ရှိနေပါသေးသည်။ ဆွယ်တာတွေ ဝတ်ရတာ သဘောကျနေဆဲ၊ အသက်ပဲ ၂၆၊ ၂၇ လောက် ရှိတော့မည်၊ ဒါကိုတောင် ကျောင်းသူလေးတစ်ယောက်လို ဝတ်စားနေဆဲ။ စောင့်ဆိုင်းနေချိန်တွေဆို မြေကြီးပေါ်မှာ နံပါတ်တွေ ရေးဆွဲ ရေတွက်နေတတ်ဆဲ။
ထိုအချိန်တုန်းကတော့ သူက အမြဲတမ်း စောင့်ရစေခဲ့ဖူးသည်။
တစ်ခါတော့ သူ့ကို စောင့်ရတာ ကြာလွန်းလို့ သည်းခံနိုင်စွမ်း ကုန်သွားရသည့်တစ်ခေါက် ရှိခဲ့ဖူးပါသည်။
"ကျမ ရေနေတာ ကိုးရာ ကိုးဆယ့်ကိုး တောင်ရှိပြီ၊ ရှင်က အခုမှ လာတယ်။ နောက်တစ်ခါဆိုရင် ကျမ တစ်ထောင် အထိ ရေတွက်ရပြီဆိုတာနဲ့ ကျမ ရှင့်ကို လှည့်ကြည့်တော့မှာ မဟုတ်ဘူးနော်"
YOU ARE READING
ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)
Short Storyဒီဇာတ်လမ်းလေးက ဇာတ်လမ်းတိုလေး ဖြစ်ပြီး၊ ခါးသီးစွာ လမ်းခွဲခဲ့ရပြီးမှ ၇ နှစ်ကြာပြီးနောက်မှာ ကံကြမ္မာကြောင့် အတူ ပြန်ဆုံစည်းရတဲ့ တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဇာတ်လမ်းလေးအကြောင်းပါ။ (အပိုင်း ၁၂ ပိုင်း ၊ နိဂုံး ၃ ပိုင်း ရှိပါတယ်။ ဒါလည်း ရုပ်ရှင်ရော၊ စီးရီး...