Chapter (1.2)

6.2K 593 16
                                    

Chapter (1.2) ပြန်လည် ဆုံစည်းခြင်း

တစ်ကဏ္ဍစာ ရိုက်ပြီးချိန်တွင် ရှောက်ရှောက်က လက်ဝေ့ယမ်းကာ..

"ဒီနေ့တော့ ဒီလောက်ပဲ တော်ပြီ"

"ဒါပေမဲ့ .. ရှောက်ရှောက် .. နည်းနည်း ကျန်သေး ..." သူ့ ကိုယ်စားလှယ်က အလောတကြီး ဝင်ပြောသည်။

"တော်ပြီ လို့" ရှောက်ရှောက် ရဲ့ အသံက တင်းမာနေသည်။ နောက်တော့ မော့ရှန်း ဘက် လှည့်ကာ ..

"ငါတို့ ကော်ဖီ တစ်ခွက်လောက် သွားသောက်ကြရအောင်လေ ...ဒီလောက် အကြာကြီးနေမှ ပြန်ဆုံရတာ၊ ငါတို့ အတူတူ သောက်ဖို့ သွားသင့်ပေမဲ့ ကံမကောင်းတာက၊ ငါ အခုရက်ထဲ အစာအိမ် သိပ်မကောင်းလို့ .. မတတ်နိုင်တော့ဘူး ကော်ဖီပဲ သောက်ရတော့မယ်။"

"အမ်း .. ကော်ဖီ လည်း ကောင်းတာပဲ။ ဒါမှမဟုတ် နွားနို့ဖြစ်ဖြစ် သောက်တာပေါ့"

မော့ရှန်း ဘာပြောရမှန်းမသိ။ သူတို့ ကြားမှာ မေးချင်တာတွေ အများကြီး ရှိနေပေမဲ့ ဘယ်က စပြောရမှန်း မသိ ဖြစ်နေခြင်းသာ။

"ကျန်းမာရေးက ပို အရေးကြီးပါတယ်၊ နင် ကိုယ်အလေးချိန် လျှော့တာလည်း တော်ရုံသင့်ရုံပဲ လုပ်သင့်တယ်"

မော့ရှန်းကတော့ သက်တောင့်သက်သာ ဖြစ်မဲ့ အကြောင်းအရာကို ကြိုးစား ရှာဖွေနေရသည်။

" ငါ ဘယ်တုန်းကမှ ဝိတ်မချဘူး" ရှောက်ရှောက် ရဲ့ အပြုံးတို့က အသက်မပါ .. " ငါ အရက်စွဲနေတာ"

"ရှောင်မေ့" သူငယ်ချင်းဖြစ်သူရဲ့ ပစ်စလတ်ခတ် နေမှုကြောင့် မော့ရှန်း အံ့သြတကြီး ဖြစ်ရသည်။ အမှတ်မထင် လက်တို့ လှမ်းဆွဲလိုက်မိသည်။ ရှောင်မေ့ ဘာလို့ ဒီလို နေနေရတာလဲ။

ရှောက်ရှောက်က ထိုလက်ကို တွန်းဖယ်လိုက်သည်မို့ ၊ မော့ရှန်း ငိုင်တွေသွားသည်၊ အနေအထားက တိတ်ဆိတ်ပြီး .. အနေရခက်စရာကောင်းနေ၏။

" နင် အများကြီး ပြောင်းလဲသွားတယ်နော်"

အတော်ကြာတော့မှ မော့ရှန်း အသံတိုးဖွဖွဖြင့် ပြောမိရသည်။

"ဟုတ်ပါ့၊ နင် မှတ်မိသေးလား၊ ငါတို့ ပထမနှစ်တုန်းက ငါ့ရဲ့ တိတ်တခိုးချစ်ရသူလေးလေ။" ရှောက်ရှောက်က သူ့အကြောင်းကို အေးစက်စက် ပြန်ပြောင်း ပြောပြနေသည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now