Chapter (12.2)

5K 452 6
                                    

Chapter (12.2) As it turns out

မော့ရှန်း မျက်လုံးများ ပြန်ပွင့်လာချိန်တွင် ဆယ်နာရီပင် ကျော်နေလေပြီ။ ရိချန်းကိုလည်း အိပ်ရာထဲ မတွေ့ရတော့၊ မော့ရှန်း ခပ်မြန်မြန် ခုန်ထကာ အဝတ်လဲပြီး အခန်းထဲမှ ထွက်လာရ၏။ ရိချန်းနှင့် မစ္စတာဟယ့် တို့ နားနေခန်းထဲ စစ်တုရင် ကစားနေကြသည်။

မော့ရှန်း စိုးရိမ်စိတ်ဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။

"ဦးလေး"

မစ္စတာဟယ့်က ပြုံးပြကာ ခေါင်းညိတ် နှုတ်ဆက်လာသည်။

မော့ရှန်းက ရိချန်းအနား လျှောက်လာကာ အသံတိုးတိုးဖြင့် ကျိတ်အပြစ်တင်လိုက်၏။

"ဘာလို့ ကျမကို မနှိုးရတာလဲ"

"အမ်..အမ်" ရိချန်းက လက်ထဲ နယ်ရုပ်တစ်ရုပ်ကိုင်ထားပြီး စစ်တုရင်ခုံပေါ် နောက်ထပ် ရွေ့ရမည့် အကွက်ကိုသာ အာရုံစိုက် စဉ်းစားနေလေသည်။ သူ တစ်ကွက် ရွှေ့ပြီးတော့မှ လေးလေးတွဲ့တွဲ့ မော့ကြည့်လာကာ ..

"မီးဖိုထဲ အန်တီ့ကို သွားကူပေးလိုက်ပါဦး"

"အိုး" မော့ရှန်း မီးဖိုဆောင်ရှိရာဘက် လှမ်းကြည့်လိုက်တော့ အန်တီတစ်ယောက်တည်း ချက်ပြုတ်ရင်း အလုပ်များနေတာကို မြင်လိုက်ရ၏။ "အိုခေ"

မော့ရှန်း လျှောက်လာတာ မြင်တော့ မစ္စက်ဟယ့်က ပြုံးရယ်ကာ ..

"ရှန်းလေး .. နိုးပြီလား။ မနေ့ညက အိပ်ရာစိမ်းတော့ အိပ်လို့ရောရရဲ့လား"

မော့ရှန်း ခေါင်း ခပ်သွက်သွက် ညိတ်လိုက်မိသည်။ အိပ်ရာတောင် နောက်ဆုံးမှ ထတဲ့သူက ဘယ်လိုလုပ်ပြီး အိပ်လို့မရတာ ဖြစ်နိုင်မှာတဲ့လဲ။

"အန်တီ .. ကျမ ဒါလုပ်ပေးမယ်"

မစ္စက်ဟယ့် လက်ထဲမှ ဓါးကို ယူကာ ဝက်သား ပါးပါးလွှာဖို့ ပြင်လိုက်၏။

နေရောင်နွေးနွေးအောက် မစ္စက်ဟယ့် က ဟင်းရွက်များ ဆေးနေရင်း မော့ရှန်း နှင့် စကားစမြည် ပြောနေ၏။ သာမန် နေ့စဉ် အကြောင်းအရာများ ပြောနေကြစဉ် ၊ သူမက ရုတ်တရက် "အိုက်ရား" ဟု ရေရွတ်ကာ တစ်ခုခု မေးဖို့ သတိရသွားပုံဖြင့်..

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now