အခန်း ၂၈ - တောင်းပန်ခြင်း

10K 1.5K 83
                                    

တစ်ညနေမှာ ချိုင်ဝေဆီက ဖုန်းဝင်လာသည်။ ဒါရိုက်တာဝမ် နောက်ရိုက်မယ့်ကားက ဝမ်ယုတုန်နဲ့ပဲ တွဲရိုက်ဖြစ်ဦးမယ်လို့ ချိုင်ဝေက ပြောသည်။ ဝမ်ယုတုန်ရဲ့ ကုမ္ပဏီက သူ့ကို ဝမ်ယုတုန်ရဲ့ စတန့်သမားဆက်လုပ်ပေးဖို့ ကမ်းလှမ်းသည်။

ကျိုရှီအန်း နည်းနည်းတော့ အံ့သြသွားသည်။ "ဒါရိုက်တာဝမ်က ဝမ်ယုတုန်နဲ့ ဆက်ပြီး တွဲရိုက်ဦးမှာလား။ သူတို့နှစ်ယောက်က မတည့်ကြပဲနဲ့။"

"ဒါရိုက်တာဝမ်က မရိုက်ချင်ဘူး၊ ဒါပေမယ့် ငွေစိုက်တဲ့ investor တွေက ဝမ်ယုတုန်ကိုပဲ သရုပ်ဆောင်စေချင်ကြတယ်။ သူနဲ့ဆို အောင်မြင်ဖို့ သေချာတယ်ဆိုတော့။ အခု ပြဿနာတက်နေကြတယ်။ ဒါပေမယ့် နောက်ဆုံးကျရင် ဒါရို်ကတာဝမ်ပဲ အလျှော့ပေးဖို့ များတယ်။"

ကျိုရှီအန်း စိတ်မောသွားသည်။ "ကိုကြီးဝေ၊ ကျွန်တော် ဒီတစ်ခေါက် မလုပ်ချင်ဘူး။"

"ဘာလဲ။ ဘာဖြစ်လို့လဲ။"

"ရှေ့တစ်ခေါက်က ဘာဖြစ်လဲ အကိုလဲသိတယ်။ ဝမ်ယုတုန်က ကျွန်တော့်ကို အမြင်မကြည်ဘူး။ ကျွန်တော်လဲ မျက်နှာပူတယ်။ သူတို့နှစ်ယောက် ထပ်ရန်ဖြစ်ပြီး ကျွန်တော့်ကို ခုတုံးလုပ်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် ပို်က်ဆံလည်းမလိုချင်ဘူး၊ သူတို့နှစ်ယောက် ကြားကိုလည်း ဝင်မပါချင်ဘူး။"

"မင်းစိုးရိမ်တာလည်း ဟုတ်တယ်။ ဒါပေမယ့် ငါတို့သူဌေးက ဒီကားရဲ့ main investor တွေထဲက တစ်ယောက်ကွ။ သူက မင်းကို ပါစေချင်နေတာ။ ငါတို့ကုမ္ပဏီနောက်ခံရှိတာပဲ မင်းသာ ဝမ်ယုတုန်ကို ပေါ်တင် သွားမစော်ကားဘူးဆိုရင် သူမင်းကို ဘာမှ မလုပ်ရဲလောက်ပါဘူး။"

"ဘာဖြစ်ဖြစ်။ ကျွန်တော် သူ့ကို စော်ကားမိတာပဲဖြစ်ဖြစ် မစော်ကားမိအောင် ရှောင်နိုင်တာပဲဖြစ်ဖြစ်၊ ကျွန်တော် တကယ် မပါချင်ဘူး။" အရင်တစ်ခေါက်က ပြဿနာကြောင့်ပဲဆိုရင် ကျိုရှီအန်း ဒီလောက် ငြင်းမိမှာမဟုတ်။ ဒါပေမယ့် သူနဲ့ ယန်မင်ရှုအကြောင်းကို ဝမ်ယုတုန် သိသွားပြီဆိုတော့ သူနဲ့အတူတူ အလုပ်လုပ်ဖို့ကို ထားလိုက်ဦး၊ သူ့အပေါ် အမြင်ကြည်ဖို့ဆိုတာတောင် မဖြစ်နိုင်။ ပြီးတော့ သူ နောက်ဆို ဝမ်ယုတုန်ကို ရှောင်ဖို့ စဉ်းစားထားသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Tempat cerita menjadi hidup. Temukan sekarang