အခန်း ၁၀ - ချိန်းပြီး ညစာစားခြင်း

11.6K 1.6K 64
                                    

ကျိုရှီအန်း အိမ်မှာ နှစ်ရက် နားနေသည်။ သူအလုပ်ရှိအချိန်ဆို ညလယ်လောက်အထိ မနားရ၊ အလုပ်မရှိတဲ့အချိန်ဆိုရင်တော့ တစ်ပတ်လောက်တောင် အိမ်ကမခွာဖြစ်တော့။ ဒီနှစ်ရက်အတွင်း သူ ယန်မင်ရှုကို message နှစ်စောင်ပို့သည်။ ဒါပေမယ့် ဘာမှ ပြန်မလာ။ ကျိုရှီအန်း နည်းနည်း စိတ်မကောင်းဖြစ်မိသည်။ သူ့ဘက်က စပြီး ကြိုးစားတာတောင် ယန်မင်ရှုနဲ့ ချိန်းဖို့ မဖြစ်နိုင်ဘဲ ဖြစ်နေသည်။

ရှေ့လက သူနဲ့ခင်ခဲ့တဲ့ အားဘိုင် လို့ခေါ်တဲ့ မော်ဒန်လေးတစ်ယောက်က သူ့ကို အပြင်မှာ တွေ့ပြီး စားကြ သောက်ကြဖို့ ခေါ်သည်။ သူ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ခေါ်လာမယ်လို့လည်းပြောပြီး ကျိုရှီအန်းကို ကားနဲ့ သူတို့ကို လာခေါ်ဖို့ ပြောသည်။

ကျိုရှီအန်းလည်း ဘာမှ လုပ်စရာမရှိတာမို့ ထွက်လာသည်။

ဒီနှစ်ယောက်က အလုပ်လုပ်ဖို့ ဘေဂျင်းကိုရောက်လာတာ မကြာသေး။ သူတို့နှစ်ယောက်လုံးက ရုပ်ရည်ရှိသည်။ ဒါပေမယ့် သူတို့မှာ ပိုက်ဆံမရှိ၊ နောက်ခံအင်အားကောင်းကောင်းကော အဆက်အသွယ်ကော မရှိ။ လတိုင်း တချို့ မဂ္ဂဇင်းဓါတ်ပုံတွေမှာ ဝင်ရိုက်တာတို့ အကျီႋ မော်ဒန်လုပ်တာတို့ လုပ်ပြီး အသက်ဆက်နေရသည်။ တစ်ခါတစ်လေ သူတို့ ကျိုရှီအန်းကို အပြင်ခေါ်ပြီး ထမင်းဝယ်ကျွေးခိုင်းသည်။ ကျိုရှီအန်းကလည်း တက်တက်ကြွကြွနဲ့ သူတို့ကိုု အရသာရှိတဲ့ ဆိုင်တွေကို ခေါ်သွားပြီး ဝယ်ကျွေးတတ်သည်။ အခုအချိန်က အားဘိုင်တို့အတွက် ခက်ခဲတဲ့အချိန်ဖြစ်သည်။ ဒီလူငယ်လေးတွေကို သူကိုယ်ချင်းစာသည်။

ညစာစားပြီးတော့ သူတို့နှစ်ယောက်ကို အိမ်ပြန်လိုက်ပို့ပေးသည်။ သူတို့ငှားနေတဲ့ အိမ်အောက်ကို ရောက်တော့ အားဘိုင်က ကျိုရှီအန်းကို သူတို့နှစ်ယောက်နဲ့ ပေါင်းပြီး threesome လုပ်စေချင်တဲ့ သဘောနဲ့ ဆွဲထားသည်။ ကျိုရှီအန်း သူတို့ရဲ့ စိတ်အားထက်သန်နေတဲ့ မျက်နှာတွေကို ကြည့်လိုက်သည်။ သူက ဒီနှစ်ယောက်နဲ့ လက်ရည်တူမဟုတ်။ တစ်ယောက်ထဲဆိုရင် ပြဿနာမရှိ၊ နှစ်ယောက် တစ်ပြိုင်ထဲဆို သူသေလိမ့်မည်။ သူ အဲ့ဒီလောက် အမောမခံနိုင်သောကြောင့် အခြားလုပ်စရာရှိသေးတယ်လို့ပြောပြီး ငြင်းလိုက်သည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now