အခန်း ၄၀ - ချိုင်ဝေရဲ့ သတိပေးစကား

14.1K 1.8K 34
                                    

အတိတ်က ကျိုရှီအန်းရဲ့ စိတ်ထဲမှာ မြင်းတွေ တစ်ကောင်ပြီးတစ်ကောင် ဖြတ်ပြေးသလို ဖြတ်သန်းသွားသည်။ အရမ်းရှင်းရှင်းလင်းလင်း မှတ်မိနေသေးတာကို သူ့ကို အပြစ်တင်လို့မရ၊ အဖြစ်အပျက်တွေက သူ့အတွက်တော့ သိပ်မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့တာ ဖြစ်သည်။ ယန်မင်ရှုရဲ့ လှုပ်ရှားမှုတိုင်းအတွက် သူ့နှလုံးက တဒိတ်ဒိတ်ခုန်နေ သေးသည်။ ယန်မင်ရှု သူ့လက်မောင်းကို လှမ်းဆွဲလိုက်ချိန်မှာ သူ အသက်ရှူရပ်သွားသည်။

ယန်မင်ရှု သူ့ကို မှတ်မိသွားတာလား။

မဖြစ်နိုင်ဘူး... အကုန်လုံးက သူသေပြီလို့ ထင်နေကြတာ။ ယန်မင်ရှုက ဘယ်လိုလုပ်ပြီး သူ တခြားလူရဲ့ ကိုယ်ထဲမှာ နိုးထလာတာကို သိမှာလဲ။

ယန်မင်ရှု ကျိုရှီအန်းမျက်နှာကို အနီးကပ်သေချာကြည့်သည်။

ဒီလူက လုံးဝသူစိမ်းတစ်ယောက်ဖြစ်သည်၊ သာမာန်လူတစ်ယောက်၊ ထူးခြားတာ ဘာမှမရှိဘူး။ ယန်မင်ရှု ဒီလူကို မြင်တောင်မမြင်ဖူးဘူး၊ ဒါပေမယ့် သူ ဖြတ်သွားရင်းနဲ့ ဒီလူ့မျက်လုံးကိုကြည့်လိုက်တော့ သူ့နှလုံးသားက ပြောပြလို့မရနိုင်လောက်အောင်ကို အကြီးအကျယ်ခုန်ပေါက်သွားသည်။

သူ့ရင်နာကျင်လာတဲ့ ခံစားချက်က သူ့ကိုနားမလည်နိုင်အောင် ဖြစ်သွားစေသည်။ သူ ဒီလူ့ကို အလိုလျှောက် လှမ်းဆွဲလိုက်မိသည်၊ သူဘာလို့ ဒီလိုခံစားရလဲဆိုတာ သိိချင်သည်။

ကျိုရှီအန်း အတင်းအာရုံစိုက်ပြီး လူတွေအမြင်မှာ တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်လို့ ထင်ရအောင် ထိန်းထားသည်။ သူ ခပ်တိုးတိုးပြောသည်။ "ဆရာ၊ ဘာဖြစ်လို့လဲခင်ဗျ။"

ယန်မင်ရှု အရမ်းအံ့သြသွားသည်၊ သူ ဘာဖြစ်နေတာလဲ။

ဒီလူ့ကို ဘယ်သူလဲလို့ ယန်မင်ရှု မေးချင်သည်၊ ဒါပေမယ့် သူ မမေးနိုင်။ သူတို့နှစ်ယောက်က တစ်ခါမှ မမြင်ဘူး မသိဘူးတဲ့ လူတွေ၊ ပြီးတော့ ဒီမေးခွန်းက အစမရှိ အဆုံးမရှိကြီး။ ဘယ်လိုလုပ် ပြန်ဖြေနိုင်မလဲ။

ကျိုရှီအန်း သူ့ကို ခေါင်းငြိမ့်ပြပြီး သူ့လက်ကို ယန်မင်ရှုလက်ထဲကနေ ဖြည်းဖြည်းချင်း ရုန်းထွက်လိုက်သည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now