အခန်း ၅၀ - လူမိခါနီး

11.4K 1.8K 43
                                    

ကျိုရှီအန်း ထိုအသံကိုကြားတော့ သူ့ခေါင်းပေါ်က ဆံပင်တွေ ထောင်သွားသည်၊ ဘာလို့လဲ... ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ။

သူ သော့အပိုထားတဲ့နေရာကို သူနဲ့ ယန်မင်ရှု နှစ်ယောက်ထဲပဲ သိတာမဟုတ်ဘူးဆိုတာကို ရုတ်တရက်သတိရသွားသည်၊ တခြားလူတစ်ယောက်လဲ သိသေးတယ်၊ အဲဒါ သူနဲ့ အရမ်းရင်းနှီးခဲ့တဲ့ သူ့အိမ်ကို တစ်ပတ် သုံး လေး ငါးကြိမ်လောက် လာတတ်တဲ့ လန်ရှီရောင်။

တစ်ခေါက်မှာ ကျိုရှီအန်း အလုပ်များပြီး အိမ်ပြန်မရောက်သေးတဲ့အချိန်မှာ လန်ရှီရောင် အခန်းတံခါးဝကို ရောက်နေတော့ ကျိုရှီအန်း သူ့ကို သော့အပိုထားတဲ့ နေရာကို ပြောပြလိုက်သည်။ အဲဒီအချိန်တုန်းက လန်ရှီရောင်ကို သူ ယုံကြည်သည်၊ ပြီးတော့ သူ့အိမ်မှာ အဖိုးတန်တာ ဘာမှမရှိ။ အဲဒီ့ တစ်ခေါက်သာဖြစ်သည်။ နောက်ပိုင်း လန်ရှီရောင် သူ့အိမ်လာတဲ့ အချိန်တိုင်း သူ အိမ်မှာရှိသည်။ ဒီအကြောင်းကို သူ မေ့တောင်မေ့နေပြီ။

ဒီလိုအချိန်မျိုးမှာ လန်ရှီရောင်နဲ့ တည့်တည့်တိုးကာကျမှ သူ ချက်ချင်း သတိပြန်ရသွားသည်။

ဘယ်လိုလုပ်မလဲ။

လန်ရှီရောင် ဧည့်ခန်းမီးကို ဖွင့်လိုက်သည်။ သူ့စိတ်ထဲမှာ ပထမဆုံး ထင်လိုက်တာက အိမ်ကို သူခိုးဝင်နေတယ်လို့။ သေချာသည်၊ လျှာထိုးဦးထုပ်ဆောင်းထားပြီး နေကာမျက်မှန်နဲ့ maskတပ်ထားတဲ့ လူတစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲနေသည်။ မျက်နှာကို အတင်းကွယ်ထားသည်။ သူလဲကျ‌ေနတဲ့‌ေဘးမှာ bill စာရွက်တွေ ပြန့်ကျဲနေသည်။

လန်ရှီရောင် ဒေါသတကြီး အော်သည်၊ "ခင်ဗျား ဒီအိမ်က ပစ္စည်းကို ခိုးစရာလား။" သူ ရှေ့ကို ပြေးဝင်လာသည်၊ ကျိုရှီအန်းကို ဘာလုပ်ရမလဲ စဉ်းစားချိန်တောင် မပေးဘဲ ကျိုရှီအန်းရဲ့ခြေသလုံးကို ခြေထောက်နဲ့ တက်နင်းသည်။

ကျိုရှီအန်း အသက်ရှူမှားသွားသည်၊ နာကျင်မှုကြောင့် အော်မိမလိုတောင် ဖြစ်သွားသည်။

လန်ရှီရောင် ငုံပြီး သူ့ကိုလှမ်းဆွဲသည်။ သူ့အနောက်မှာ ဘာပစ္စည်းရှိနိုင်လောက်လဲလို့ မှတ်ဉာဏ်ထဲမှာ ပြန်စဉ်းစားပြီး လက်နဲ့ နောက်ပြန် လှမ်းယူလိုက်သည်။ သူ့နောက်က မြေပန်းအိုးထဲက မြေကြီးလက်တစ်ဆုပ်ယူပြီး အဲဒါနဲ့ လန်ရှီရောင်မျက်နှာကို ပက်လိုက်သည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ