အခန်း ၁၂ - မိသားစုတစ်ခု လိုချင်မိခြင်း

12.2K 1.5K 44
                                    

မနက်ခင်းရဲ့နေရောင်က ကျိုရှီအန်းပုခုံးပေါ်ကို ဖျာကျနေသည်။ အခုက ဆောင်းဦးရာသီရောက်နေပြီဖြစ်ပေမယ့် နေက အရမ်းပူနေသေးသည်။ ကျိုရှီအန်းနိုးလာသည်။

သူနံရံပေါ်က နာရီကိုလှမ်းကြည့်လိုက်သည်။ သူနေ့လည်အထိ မအိပ်ဖြစ်တော့တာ တော်တော်ကြာပြီဖြစ်သည်။ ငယ်ငယ်တုန်းကတော့ သူနောက်ကျမှ အိပ်ရာထရတာကို သဘောကျသည်။ ဒါပေမယ့် သူ့အသက်သုံးဆယ်လောက်ဖြစ်လာတော့ အချိန်တွေကို အိပ်ပြီးဖြုန်းတီးရမှာ နှမျောစရာကောင်းတယ်လို့ ခံစားလာရသည်။

မနေ့ညက သူအရမ်းပင်ပန်းသွားသည်။ ကျိုရှီအန်းသူ့ခြေထောက်ကို လှုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးအရမ်းနာကျင်နေသည်၊ သူလုံးဝ မလှုပ်ရှားချင်တော့။

ယန်မင်ရှု သူ့ခေါင်းပေါ်ကနေ အက်ရှရှအသံနဲ့ လှမ်းနှိုးသည်။ "ထတော့။"

"ဟမ်.." ကျိုရှီအန်း ကိုယ်လုံးကို လှည့်လိုက်သည်။ "ဖာ့ခ်၊ တစ်ကိုယ်လုံးနာနေတာပဲ။ ချာတိတ်... ကိုယ်တကယ်မထင်ထားဘူး။" ယန်မင်ရှု ဒီလောက်အရမ်းချောပြီးတော့ ဘယ်လိုလုပ်ပြီး အိပ်ရာထဲရောက်တော့ သားရိုင်းကောင်လိုဖြစ်သွားရတာလဲ။ အား အရမ်းသန်ပြီး သက်လုံကလည်း အရမ်းကို....

ယန်မင်ရှု ဂုဏ်ယူဝင့်ကြွားတဲ့အသံနဲ့ တစ်ချက်ရီလိုက်သည်။ "ကျွန်တော့်အရည်အချင်းက pass ဖြစ်ရဲ့လား။" သူ ကျိုရှီအန်းရဲ့တင်ပါးကို လက်နဲ့ပွတ်နေမိသည်။ အထိအတွေ့က ပထမတန်းစားဖြစ်သည်။

ကျိုရှီအန်းက၊ "ဒါပေမယ့် ကိုယ့်အရိုးတွေ တစ်စစီ ပြုတ်ကျတော့မလိုပဲ၊ ပြီးတော့ အရမ်းခြေကုန်လက်ပန်းကျနေတယ်။ ကိုယ်မနက်ဖြန်မထနိုင်ရင်တော့ အလုပ်ပျက်တဲ့အတွက် မင်းကိုယ့်ကို ပြန်လျော်ပေးရမယ်။"

စကားစပ်မိတော့ ယန်မင်ရှုကမေးသည်။ "မနက်ဖြန် ဘာကားရိုက်မှာလဲ။"

"ဝမ်ယုတုန်နဲ့ကားပဲ။"

"သြော်၊ သူလာမှာလား။"

ကျိုရှီအန်းရီသည်။ "သူ့ကို တွေ့ချင်လို့လား။ ကိုယ်မသိဘူ၊ နာမည်ကြီးတွေ ဘယ်နေ့ဘာလုပ်မယ်ဆိုတာမျိုး ကိုယ့်ကိုပေးမသိဘူး။" ပြီးတော့ သူဆက်မေးသည်။ "မင်း ဝမ်ယုတုန်နဲ့သိလား။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now