အခန်း ၅၉ - ကမ်းလှမ်းချက်

12.3K 1.9K 210
                                    

ကျိုရှီအန်း သူ့လက်ကို ခါချလိုက်ပြီး တံခါးဝမှာပဲ မတ်တပ်ရပ်နေသည်၊ အထဲကို ဝင်ဖို့လုံးဝ စိတ်ကူးမရှိ။ သူ့ရင်ထဲက ဒေါသတွေကိုတောင် မနည်းထိန်းနေရတာမို့ ဟန်ဆောင်ပြီး ပြုံးပြ ယဉ်ကျေးပြနေတာမျိုးကို သူ မလုပ်နိုင်တော့ဘဲ ခပ်တည်တည် ပြောသည်၊ "ဥက္ကဌယန်၊ ကျွန်တော့်အိမ်မှာ ပြဿာနာ နည်းနည်းရှိနေတယ်။ ဥက္ကဌလို လူမျိုးအတွက်တော့ ဘာမှမဟုတ်တဲ့ ပြဿနာလေးပါ၊ ကျွန်တော့် အတွက်က ထားခဲ့ပြီး တခြားကိစ္စလုပ်လို့ မရတဲ့ အခြေအနေမျိုးမို့လို့ အဲ့ဒီ့နေ့က ဖုန်းချလိုက်တာ၊ ဒီကိစ္စလောက်နဲ့ ကျွန်တော့်ကို စိတ်မဆိုးဘူးမှတ်လား။"

ယန်မင်ရှု မျက်လုံးကို မှေးပြီး ကျိုရှီအန်းကို သေချာကြည့်သည်။ ဒီလူက ညတွင်းချင်းပဲ ပုံစံတစ်မျိုးပြောင်းသွားသည်၊ ဒါမှမဟုတ် ဒီပုံစံကပဲ သူ့ရဲ့ မူရင်းစရိုက်ဖြစ်လိမ့်မည်။ သူ တကယ်ပဲ ရုတ်တရက် အခက်အခဲတွေ ရင်ဆိုင်နေရတာလည်း ဖြစ်နိုင်သည်၊ အရင်လို ယဉ်ယဉ်ကျေးကျေးနဲ့ ဖားတဲ့အကြည့်မျိုးတောင် ဟန်ဆောင်မလုပ်နိုင်တော့ဘဲ သူ့အကြည့်တွေက စူးရှနေသည်၊ အသံကတောင် နည်းနည်း ခနဲ့သံပါနေသည်။ ယန်မင်ရှု သူ့အပေါ် တစ်ခါမှ မမျှမတလုပ်ခဲ့တာမျိုး မရှိဘူးဆိုတာ သေချာသည်၊ သူ့ကို ဒီလို ဆက်ဆံရဲတဲ့ သတ္တိတွေ ဘယ်က ရောက်လာလဲ၊ အထူးသဖြင့် သူ့ကို ဒီလိုလေသံမျိုးနဲ့ စကားပြောရလောက်အောင် မကျေနပ်ချက်တွေ ဘယ်က ရောက်လာတာလဲ။

ယန်မင်ရှု မကျေနပ်တဲ့ အသံနဲ့ ပြောသည်၊ "မင်း ဘာပြောချင်တာလဲ။"

"ဥက္ကဌယန် ဘာပြောချင်တာလဲ။ ကျွန်တော့်ကို ပြောစရာ ရှိတယ်မှတ်လား။ ပြောပါ၊ ကျွန်တော် အိမ်ကို စောစောပြန်ရမယ်။" ချန်ယင်း ဒီရက်ပိုင်းမှာ စိတ်မတည်မငြိမ်ဖြစ်နေသည်၊ တစ်ချိန်လုံး ငိုနေပြီး တစ်ခါတစ်လေ တစ်ယောက်ထဲ တီးတိုးစကားပြောနေသည်။ သူမကို ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ထဲ ပစ်မထားသင့်။ သူမ စိတ်မထိန်းနိုင်ဘဲ တစ်ခုခုလုပ်လိုက်မှာကို ကျိုရှီအန်း တကယ်စိတ်ပူသည်။ ဒီလိုဖြစ်သွားမှာကို သူလက်မခံနိုင်၊ အပြစ်သားတစ်ယောက်လို ခံစားနေရလိမ့်မည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now