အခန်း ၃၉ - နောက်ဆုံးဖုန်းcall

13.9K 1.9K 173
                                    

ကျိုရှီအန်း ချိုင်ဝေ့ကို သွားရှာသည်။ ချိုင်ဝေ ကုမ္ပဏီမှာ မရှိတာ သိရတော့ သူ့့အိမ်ကို တန်းသွားသည်။

ချိုင်ဝေ့ဇနီးက ဒီနေ့ နေမကောင်းလို့ ချိုင်ဝေ သူမကို ပြုစုဖို့ အိမ်မှာ နေသည်။ ကျိုရှီအန်းကို တံခါးဝမှာ တွေ့တော့ သူ့အံ့သြသွားပြီး အင်္ကျီကော်လာကို ဆွဲကာ ဆူသည်။ "မင်း ဘယ်ရောက်နေတာလဲ။ သေရေးရှင်ရေးကိစ္စမို့လား။ မင်းရဲ့ စောက်ဆင်ခြေကို နားထောင်ဦးမယ်။"

ကျိုရှီအန်း ပင်ပန်းနေတဲ့မျက်နှာနဲ့ ချိုင်ဝေ့ရက်ဘက်ကို တွန်းလိုက်သည်။ "ကိုကြီးဝေ၊ အခန်းထဲမှာ ပြောရအောင်။"

ကျိုရှီအန်းရဲ့ မျက်နှာက ကပ်ဘေးတစ်ခုကို ဖြတ်ခဲ့ရသလို ပုံစံမျိုးဖြစ်နေတာကို ချိုင်ဝေ တွေ့တော့ ပိုပြီး စိတ်ပူသွားသည်။

သူ ကျိုရှီအန်းကိုသိတာ ဆယ်နှစ်ကျော်ပြီ။ ကျိုရှီအန်းက အရမ်းတာဝန်ယူတတ်ပြီး အရမ်းယုံကြည် စိတ်ချရသော လူဖြစ်သည်။ သဘောတူထားပြီးသား ကိစ္စကို မလုပ်ဘဲ ပျောက်သွားပြီး သူများကို ဒုက္ခရောက်အောင် လုပ်တာမျိုး ဘယ်တော့မှ မလုပ်ခဲ့ဖူး။ အခုဖြစ်သွားတဲ့ ကိစ္စအတွက်လည်း ဖြေရှင်းချက် ရှိမှာ သေချာသည်၊ အနားနီးမှ ကြောက်လို့ စိတ်ပြောင်းသွားတယ်ဆိုရင်တောင် ဖုန်းပိတ်ပြီး လုံးလုံးပျောက်သွားတာမျိုး လုပ်မှာမဟုတ်။ တခြားလူတွေ အဆင်သင့် ပြင်ဆင်ထားလို့ရအောင် အကျိုးအကြောင်းပြောပြမှာ သေချာသည်။ တစ်ခုတည်းသော ဖြစ်နို်င်ချေရှိတာက ကျိုရှီအန်းလည်း လုံးဝမတတ်နိုင်တဲ့ အခြေအနေမျိုးမို့ ဖြစ်လိမ့်မည်။

အဲဒါကြောင့် ချိုင်ဝေ တော်တော်သောကရောက်ခဲ့ရသည်၊ ကျိုရှီအန်း အက်ဆီးဒင့်များဖြစ်လားဆိုပြီး တွေးကြောက်နေသည်။ မနေ့ညက ကျိုရှီအန်းအိမ်ကို သွားဖို့တောင် လုပ်ထားပေမယ့် သူ့ဇနီး နေမကောင်းဖြစ်လို့ ကျိုရှီအန်းအိမ်ကို မသွားလိုက်ရ။

လန်ရှီရောင် ကျိုရှီအန်းအိမ်ကို သွားမယ်လို့ ပြောသည်။ လန်ရှီရောင်ဆီက ဘာသတင်းမှ ပြန်မကြားရသေးခင်မှာ ကျိုရှီအန်း သူ့အိမ်မှာ ပေါ်လာသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Tahanan ng mga kuwento. Tumuklas ngayon