အပိုင်း ၃၇ - အိမ်မှာ

11.9K 1.7K 147
                                    

ကျိုရှီအန်း အသက်ရှူမမှန်ဖြစ်လာပြီး သူ့ရင်ဘက်က အပြင်းအထန် နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည်။ သူ့ရှေ့က လူကို ကြည့်ရင်း မရင်းနှီးသလို ခံစားရသည်။ သူ့မျက်လုံးတွေမှာ စိတ်ပျက်လက်ပျက်ဖြစ်မှုတွေ စွန်းထင်နေသည်။ သူ ဖြည်းဖြည်းချင်း ပြောသည်၊ "ယန်မင်ရှု၊ ဒီဇာတ်ကောင်နေရာက ကိုယ့်အတွက် ဘယ်လို အဓိပ္ပါယ်ရှိလဲ ဆိုတာ မင်းသိလား။ ကိုယ် ဝမ်ယုတုန်ကို စိတ်ဆိုးအောင် လုပ်မိသွားပြီ၊ ဒီအသိုင်းအဝိုင်းထဲမှာ ကိုယ့်အတွက် နေရာမရှိတော့ဘူး။ ဒီဇာတ်ကောင်နေရာက ကိုယ့်အတွက် အဆုံးအဖြတ်ပဲ။ ကိုယ် ဖောက်ထွက်နိုင်မှ ဒီလောကထဲမှာ ဆက်နေလို့ရမှာ။"

သူ့သောကတွေကို ယန်မင်ရှု အလေးမထား၊ သူ့အနေနဲ့ဆို ကျိုရှီအန်းကို ဒီအနုပညာလောကထဲက မြန်မြန်ထွက်လာ စေချင်နေပြီ။ ပြောရရင် ကျိုရှီအန်းလို သရုပ်ဆောင်ငယ်လေး ပျောက်ကွယ်သွားလို့လည်း ဘယ်သူ့အတွက်မှ ထိခိုက်နစ်နာသွားမှာ မဟုတ်။ ဒါပေမယ့် သူ့အတွက်တော့၊ ကျိုရှီအန်း လန်ရှီရောင်နဲ့ ထပ်ပြီး ပတ်သတ်နေစရာမရှိတော့ဘူးလို့ စိတ်ချလို့ရသည်။ ကျိုရှီအန်းကို တင်ကျွေးထားဖို့ဆိုတာက သူ့အတွက် အသေးအဖွဲဖြစ်သည်။

ယန်မင်ရှု ဖုန်းကို ဆိုဖာပေါ်ပစ်တင်ပြီး ပြောသည်၊ "ခင်ဗျား မလုပ်ချင်ပါဘူး။ ဘာလို့ အကိုတုန်ရဲ့ ဇာတ်ကောင်နေရာမှာ ခင်ဗျား ဝင်သရုပ်ဆောင်နိုင်မယ်လို့ ထင်နေတာလဲ။ ဇာတ်ကားထွက်လာပြီး အရမ်းအပြောခံရရင်ကော ခင်ဗျား အဲဒီ့လောကမှာ ဆက်နေလို့ ရမှာလား။ ပိုပြီးတောင် နာမည်ပျက်ဦးမယ်။"

ကျိုရှီအန်း လှောင်ပြုံးပြုံးသည်။ "ဝမ်ယုတုန်က မင်းမျက်လုံးထဲမှာတော့ နတ်ဘုရားပေါ့၊ ငါတော့ အဲ့လို မထင်ဘူး။ ငါ သရုပ်ဆောင်နိုင်လား မဆောင်နိုင်ဘူးလား မင်းဝင်ပြောစရာ မလိုဘူး။ မင်းမှာ ငါ့ကို တားဆီးပိုင်ခွင့် မရှိဘူး။"

ယန်မင်ရှု မျက်နှာထား အကျည်းတန်သွားသည်။ "ခင်ဗျား ဒီအခန်းထဲက ထွက်သွားလို့ရမလား ကြိုးစားကြည့်လေ။ ခင်ဗျား ချတဲ့အကွက်တွေက အလှပြရုံပဲရှိတယ်။ ခင်ဗျားကို ကြိုးနဲ့ ချည်သင့်ရင် ချည်ထားမယ်၊ ဘယ်မှ သွားခွင့် မပေးနိုင်ဘူး။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now