အခန်း ၉ - ကျိုရှီအန်းအိမ်မှာ တည်းခိုခြင်း

11.2K 1.6K 20
                                    

ထမင်းစားပြီးတော့ ယန်မင်ရှု TV ဆက်ကြည့်နေတုန်း ကျိုရှီအန်းမီးဖိုချောင်ထဲမှာ သန့်ရှင်းရေးလုပ်နေသည်။

ရှင်းလင်းပြီးသွားတော့ အချိုတည်းစရာမုန့်ယူပြီး ပြန်ထွက်လာသည်။ သူ့အိမ်မှာ ဧည့်သည်ကို ဒီလိုဧည့်မခံရတာ တော်တော်ကြာပြီဖြစ်သည်။ သူ့အိမ်ကို လူတွေ သိပ်ပြီးခေါ်လာလေ့မရှိ။ fuck buddies တွေခေါ်လာရင်တောင်မှ သူတို့ အတူအိပ်တာသာရှိသည်။ ဒီလိုမျိုး ထိုင်ပြီး လက်ဖက်ရည်သောက်၊ စကားစမည်ပြောတာမျိုး လုပ်ဖို့အချိန်မရှိ။

သူနဲ့ ယန်မင်ရှု လိုရာပန်းတိုင်ကို မရောက်လိုက်တာ စိတ်မကောင်းစရာပေမယ့် ဒီလိုမျိုး မိုးအေးအေးညမှာ ယန်မင်ရှုနဲ့ အတူထိုင်ပြီး စကားပြောရတာ နည်းနည်းတော့ romantic ဆန်သည်။ ဒါကြောင့် ကျိုရှီအန်း ပျော်နေသည်။

ကျိုရှီအန်း ယန်မင်ရှုနဲ့ ရောက်တတ်ရာရာ စကားတွေပြောရင်း သူ့အကြောင်းတွေ မေးသည်။ ယန်မင်ရှုက ကျောင်း စောတက်သောကြောင့် ဒီနှစ်မှာ ဘွဲ့ရပြီဖြစ်သည်။ အခု အလုပ်လုပ်ဖို့ ပြန်လာတာဖြစ်သည်။ သူက သူ့အကြောင်းကိုု သိပ်အများကြီး မပြောပေမယ့် ကျိုရှီအန်းက အရမ်းစိတ်ဝင်စားနေသည်။ သူတို့နှစ်ယောက် စကားတွေ အကြာကြီးပြောဖြစ်ကြသည်။ ကျိုရှီအန်းက ဟာသဉာဏ်ရွှင်သလို သူများအပေါ်လည်း အလိုက်သိ၊ နားလည်ပေးတတ်သူဖြစ်သည်။ ဒါ့ကြောင့် နောက်ပိုင်း ယန်မင်ရှု သူ့အပေါ် ဆက်ဆံပုံက အရမ်းသူစိမ်းမဆန်တော့၊ တစ်ချက်တစ်ချက်ဆို ကျိုရှီအန်းကို ရင်ခုန်အောင်လုပ်နိုင်တဲ့ အပြုံးလေးတွေကိုတောင် ပြုံးလာသည်။

သူ့ဆီက ဒီလိုအမူအရာလေးတွေကို မြင်ရတော့ တစ်ဒုန်းဒုန်းခုန်ပေါက်နေတဲ့ သူ့နှလုံးသားကို ကျိုရှီအန်း မထိန်းနိုင်အောင် ဖြစ်နေသည်။ သူဒီလိုမျိုးမခံစားရတာ တော်တော်ကြာပြီဖြစ်သည်။

အချိန်တွေက အကုန်မြန်နေပြီး ခဏလေးနဲ့ ည ဆယ်နာရီ ထိုးသွားသည်။ ယန်မင်ရှု အိပ်ချင်တဲ့ပုံ ပေါက်လာသလို ကျိုရှီအန်းလည်း ပင်ပန်းနေပြီဖြစ်သည်။ ဒီနေ့ သူတို့နှစ်ယောက်လုံး တော်တော်ပင်ပန်းသွားသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now