အခန်း ၆၀ - ချန်ယင်းကို အယုံသွင်းခြင်း

12.5K 1.8K 66
                                    

နေ့လည်စာ စားချိန်မှာ ကျိုရှီအန်း အိမ်ပြန်ရောက်သည်။

အန်တီဝမ်နဲ့ ချန်ယင်းက သူ ဒီလောက်စောပြီး ပြန်လာလိမ့်မယ်လို့ မထင်ထားကြသဖြင့် ချန်ယင်းက သူ့ကိုမေးသည်၊ "ကျိုရှီအန်း၊ အလုပ်သွားတာ မဟုတ်ဘူးလား။"

သူမ စိတ်အေးရအောင် ကျိုရှီအန်း ပြုံးပြီး ပြန်ပြောသည်၊ "ကိုကြီးဝေ ကျွန်တော့်ကို ခွင့်ပေးလိုက်တယ်၊ ဒီတစ်ပတ်လုံး အလုပ်သွားစရာ မလိုတော့ဘူး။"

"သား အမေ့ကို စောင့်ပေးစရာ မလိုပါဘူး၊ အမေက အိပ်ရာထဲ လဲနေတာမှ မဟုတ်တာ။ အလုပ်သာ သွား၊ သားက အခုမှ အလုပ်စလုပ်တာမှတ်လား၊ ခွင့်တွေ အရမ်းမယူနဲ့။"

"ရတယ် အမေ၊ သွားလည်း ဘာမှမထူးဘူး။ အမေ စိတ်ချပါ၊ ဒီရက်ပိုင်းပဲ ခွင့်ယူမှာပါ။"

အန်တီဝမ်က သူပြန်လာတာမြင်တော့ နှုတ်ဆက်ပြီး ပြန်သွားသည်။

ကျိုရှီအန်း သူမကို တံခါးဝ လိုက်ပို့ပေးရင်းနဲ့ ပြောသည်၊ "အန်တီဝမ် ကျွန်တော် ပိုက်ဆံနည်းနည်းချေးထားလို့ ငွေရေးကြေးရေး အရင်လောက် မကျပ်တည်းတော့ဘူး။ ကျွန်တော် စဉ်းစားကြည့်လိုုက်တော့ အန်တီ ကျွန်တော့်အမေကို အချိန်ပြည့် ပြုစုပေးရင် ပိုကောင်းမယ်ထင်တယ်။ ကျွန်တော် ပိုကျယ်တဲ့ အိမ်ငှားဖို့လုပ်ထားတယ်။ အန်တီ စားစရိတ်ငြိမ်းနဲ့ တနင်္လာတစ်ရက်နားကို တစ်လ ၁၈၀၀ ဆို အဆင်ပြေမလား။ ကျွန်တော်က အိမ်မှာ သိပ်ရှိမှာ မဟုတ်ဘူး၊ အန်တီ ကျွန်တော့်အမေကို ပြုစုပေးဖို့နဲ့ ဆေးရုံလိုက်ပို့ပေးတာပဲ လုပ်ပေးရုံပဲ။"

အန်တီဝမ်က ချက်ချင်းသဘောတူသည်။ သူမက အငြိမ်းစားယူပြီးတော့ တခြားလုပ်စရာ ဘာမှမရှိတာမို့ စိတ်ပူနေတာဖြစ်သည်။

ကျိုရှီအန်း လမ်းပေါ်ထပ်ထွက်ရမည်။ ယန်မင်ရှု သူ့ကိုပေးတဲ့အိမ်မှာ ချန်ယင်းကို နေခိုင်းလို့မဖြစ်။ ဒါကြောင့် ချန်ယင်းအတွက် တခြားအိမ်တစ်အိမ် ငှားဖို့ရှာရသည်။ အခန်းသုံးခန်းပါတဲ့ အိမ်ငှားရင် သူလဲ နေလို့ရသည်။ ယန်မင်ရှု သူ့ကိုတွေ့ချင်တဲ့အချိန်ကျရင်တော့ ဟိုအိမ်ကို သွားမည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Opowieści tętniące życiem. Odkryj je teraz