အခန်း ၅၃ - ဇာတ်ကားမှာပါရန် ယန်မင်ရှု တောင်းဆိုခြင်း

11.1K 1.8K 51
                                    

နောက်နေ့မနက် အမကျန် သူ့ကိုဖုန်းခေါ်ပြီး ဖုန်းထဲကနေ ကျိုရှီအန်းကို အကြာကြီး အပြစ်တင်သည်။ သူမပြောတာကို အရင်ကတည်းက နားထောင်သင့်တယ်တို့၊ ချိုင်ဝေ့ကို မပြောပြသင့်ဘူးတို့၊ အခုအချိန်အထိ မကြာသင့်ဘူးတို့ အကြာကြီးပြောသည်။ ဝမ်ယုတုန် လူစားထိုးတစ်ယောက် ရှာတွေ့သွားပြီးလို့ပြောသည်။

ချိုင်ဝေက အချိန်နောက်ကျရတာ သူကိုယ်တိုင်ကြောင့်ဆိုပြီး တာဝန်ယူပြီးပြောထားမှန်း ကျိုရှီအန်း အခုမှသိသည်။ သူ တောင်းပန်ရုံသာ တတ်နိုင်သည်။ ဒီတစ်ခေါက်တော့ ဒီကားမှာ မပါရတော့ဘူးလို့ သူတွေးလိုုက်သည်။မထင်မှတ်ဘဲ အမကျန်က သူ့ကို လာကြိုးစားကြည့်ဖို့ ခေါ်သည်။ သူက ရွေးထားတဲ့လူစားထိုးထက် ပိုကောင်းအောင် လုပ်နိုင်ရင် ဒီနေရာကို ရနိုင်တယ်လို့ပြောသည်။ ဝမ်ယုတုန်က အမြဲတမ်း ကောင်းတာကိုပဲ လိုချင်သည်၊ အရည်အသွေးကိုပဲ ကြည့်သည်။

သူမပြောတဲ့အတိုင်း နေ့လည်မတိုင်ခင် studio ကို ကျိုရှီအန်း ရောက်သွားသည်။အမကျန်က သူ့ကို တံခါးမှာ စောင့်နေသည်။ သူ့ကိုတွေ့တွေ့ချင်း မြန်မြန်လာပြီး ပြောသည်၊ "မင်းအခုမှ လာရလား။ အမှန်အတိုင်းပြောရရင် သိပ်တော့ မျှော်လင့်ချက်မရှိဘူး။ မင်း ကိုယ့်ဘာကိုယ် ကြိုးစားရမယ်။ မင်းလုပ်နိုင်သွားရင် အမကျန်ကို မမေ့ရဘူးနော်။"

ကျိုရှီအန်း ခေါင်းငြိမ့်သည်၊ "မမေ့ပါဘူး၊ အမကျန် ကျေးဇူးပါပဲဗျာ။"

သူတို့နှစ်ယောက် အထဲဝင်လာတော့ ဝမ်ယုတုန် ဒါရိုက်တာနဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးနေတာကို တွေ့သည်။ ကျိုရှီအန်း သူ အရမ်းရင်းနှီးတဲ့ ဒီလူကို ကြည့်လိုက်သည်။ ဝမ်ယုတုန်က အရင်လိုပဲ ခန့်ငြား ချောမောနေသေးသည်။ သူ့မှာ ဘယ်လိုမှ လျစ်လျူရှုထားလို့မရတဲ့ အရှိန်အဝါတစ်ခု ရှိသည်။ ဆိုးတာက ကျိုရှီအန်း သူ့ကို အရမ်းမုန်းသည်။ တကယ်တော့ ဝမ်ယုတုန် သူ့အပေါ် အမှားတစ်ခုခုလုပ်ခဲ့တယ်လို့ ကျိုရှီအန်း တစ်ခါမှ မထင်ခဲ့ဖူး။ လူတွေက သူတို့ကိုယ် သူတို့ပဲ ကြည့်တတ်ကြသည်၊ ဝမ်ယုတုန်လည်း သူ့အတွက်သူပဲ စဉ်းစားခဲ့တာဖြစ်သည်။ ဒါပေမယ့်လည်း ကျိုရှီအန်း သူ့ကို မနာလိုဖြစ်သည်။ ယန်မင်ရှု ကိစ္စကြောင့် ဒီလူ့ရှေ့မှာ ကျိုရှီအန်း နေစရာနေရာမရှိသလို ခံစားရသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now