အခန်း ၄၄ - ကျွန်တော့်နာမည် ကျိုရှီအန်း

11.9K 1.9K 46
                                    

အဲဒီ့အချိန်မှာ ကျိုရှီအန်းရဲ့ ခံစားချက်တွေက မျိုးစုံဖြစ်သွားသည်။

သူ ရီချင်သည်၊ ငိုလည်း ငိုချင်သည်၊ ပြီးတော့ စားပွဲခုံကို နံရံဘက် ဆောင့်ကန်ပစ်လိုက်ချင်သည်။

ဝမ်ယုတုန်၊ ဒီဝမ်ယုတုန်ပဲ ထပ်လာပြန်ပြီ၊ လူစားထိုးတဲ့၊ လူစားထိုး!

သူ ကျိန်စာတစ်ခုခုများ မိနေလားလို့ တကယ်သံသယဝင်မိသည်၊ အသစ်စက်စက်ဘဝကြီးတစ်ခုလုံးကို ရထားတာတောင် ဝမ်ယုတုန်ရဲ့ အရိပ်ကနေ ရုန်းမထွက်နိုင်သေးဘူး။ ကျိန်စာက သူ့ဝိဉာဉ်မှာ ကပ်ပါနေတာ ဖြစ်ရမည်၊ ဒါကြောင့် ဘယ်လိုပဲ ခန္ဓာကိုယ်တွေပြောင်းပေမယ့် မပျယ်နိုင်သေးဘူး။

သူဝမ်ယုတုန်ကို မုန်းသည်။ ဝမ်ယုတုန်ရဲ့ လူစားထိုးလုပ်ရတာကိုလည်း မုန်းသည်၊ အပြင်မှာဖြစ်ဖြစ် ရုပ်ရှင်ထဲမှာ ဖြစ်ဖြစ်။

ထိုအခိုက်အတန့်လေးမှာ သူ ကံတရားရဲ့ ကစားခြင်းကို ခံနေရတယ်လို့သာ ခံစားရသည်။ ကောင်းကင်ပေါ်က တစ်စုံတစ်ရာက သူ့ကို ရှေ့ဆက်မသွားနိုင်အောင် ချုပ်ထားပုံရသည်၊ သူ လွတ်မြောက်မသွားအောင်၊ သူ့ကို တံတိုင်းအထူကြီးတွေနဲ့ ကာရံထားပြီး အသက်ရှူလို့မရအောင် လုပ်နေလိုမျိုးပဲ။

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး သိပ်မပီပြင်တဲ့ အပြုံး ပြုံးသည်။ "သိတာပေါ့၊ အမကျန် ကျေးဇူးပါခင်ဗျ။"

အမကျန်လည်း ပြုံးပြီး ပြောသည်။ "ကျေးဇူးတင်စရာ မလိုပါဘူး၊ နှစ်ဖက်လုံး အကျိုးရှိမယ့် ကိစ္စပဲဟာ။" သူမအမြင်မှာ ကျိုရှီအန်း သဘောတူလိမ့်မယ်ဆိုတာ သေချာနေသည်။ ဝမ်ယုတုန်လို superstar က ပိုက်ဆံအများကြီးပေးတတ်တာကို ထည့်မပြောနဲ့ဦး၊ သူပိုက်ဆံမပေးဘူးဆိုရင်တောင် ဘာလုပ်ရလုပ်ရဆိုပြီး ဝင်ပါချင်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိသည်၊ သူတို့ မျက်နှာ ရုပ်ရှင်ထဲမပါရင်တောင် ဝမ်ယုတုန်ရဲ့ ရိုက်ကူးရေးအဖွဲ့ထဲကို ဝင်ခွင့်ရပြီး အဆက်အသွယ်ရမယ်၊ သူ့တိို့ကိုယ်သူတို့ လူသိအောင် လုပ်လို့ရမယ်။ သူတို့ နောက်ပိုင်းတိုးတက်ဖို့အတွက် အခွင့်အရေးကြီး ဖြစ်သည်။ ကျိုရှီအန်းလို တောက်တိုမယ်ရလုပ်နေတဲ့လူက ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now