အခန်း ၁၇ - အိမ်ပြောင်းလာခြင်း

10.5K 1.6K 132
                                    

ကျိုရှီအန်း ရေချိုးပြီး အိပ်ရာပေါ်လှဲလိုက်သည်။ သူ နံရံပေါ်ကနာရီကို လှမ်းကြည့်တော့ လေးနာရီ ထိုးနေပြီ။

သူ ပင်ပန်းနေပေမယ့် အိပ်လို့မပျော်။ ခေါင်းထဲမှာ အတွေးတွေ များနေသည်။ ဒီဆယ်နာရီအတွင်း ယန်မင်ရှုနဲ့ ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်တွေးနေမိသည်။

ကျိုရှီအန်း သူ့ကိုယ်သူ အရမ်းစိတ်ပူမိသည်။ ယန်မင်ရှုက အရမ်းဆွဲဆောင်မှုရှိတယ်ဆိုရင်တောင် သူ့အနေနဲ့ အခုမှရင်ခုန်ဖူးတဲ့ လူငယ်လေးလိုမျိုး လွယ်လွယ်ချစ်မိသွားတာမျိုး မဖြစ်သင့်။ သေသေချာချာ စဉ်းစားသင့်သည်။ အပူအအေး နားလည်တဲ့လူတစ်ယောက်နဲ့ တည်ငြိမ်တဲ့ relationship တစ်ခုကို ကျိုရှီအန်း အိပ်မက် မက်မိပေမယ့် ယန်မင်ရှုက သူနဲ့ အခြေတကျအတူနေသွားမယ့် လူတစ်ယောက်မဟုတ်တာ လုံးဝသေချာသည်။ ယန်မင်ရှုက အရမ်းတောက်ပလွန်းပြီး အရမ်း ငယ်ရွယ်လွန်းသည်။ သူဆွဲထားနိုင်လိမ့်မယ်လို့ မထင်။

သူ ယန်မင်ရှုနဲ့ အရမ်းမပတ်သတ်သင့်။ အရမ်း အန္တရာယ်များသည်။

ကျိုရှီအန်း မျက်လုံးမှိတ်ပြီး အိပ်ပျော်အောင် ကြိုးစားသည်။

သူ့ အိပ်ပျော်ကာစအချိန်မှာ လူခေါ်ခေါင်းလောင်းသံ ရုတ်တရက် ထမြည်သဖြင့် ကျိုရှီအန်းဆတ်ခနဲ နိုးလာသည်။ သူ မျက်လုံးဖွင့်ကြည့်တော့ အချိန်က ငါးနာရီနီးပါး ဖြစ်နေပြီကို မြင်သည်။ ဒီအချိန်ကြီးမှာ ဘယ်သူ အခန်း ဘဲလ်တီးတာလဲ။

သူများ ဖြစ်နေမလား......

သူအိပ်ရာပေါ်က ခုန်ဆင်းပြီး အမှောင်ထဲမှာပဲ အခန်းတံခါးသွားဖွင့်သည်။ တံခါးရှေ့မှာ ယန်မင်ရှု မတ်တပ်ရပ်နေသည်။

ယန်မင်ရှုက အမြဲတမ်း မျက်နှာသေနဲ့ မာနကြီးတဲ့လူ ပုံစံမျိုး ဖြစ်သည်။ သူ ဒီလောက်မူးနေတဲ့ ပုံစံကို ကျိုရှီအန်းအခုမှ ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။

ယန်မင်ရှု သူ့ကို လှမ်းကြည့်ပြီး သူ့ဆီကို တိုးဝင်လာသည်။ ပါးစပ်ကလည်း ရေရွတ်နေသည်။ "ဖာ့ခ်၊ ငါက ဘာလဲ...."

ကျိုရှီအန်း သူပြောတာကို သေချာမကြားရ။ "ဟမ်၊ ဘာဖြစ်တာလဲ။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now