အခန်း ၂ - ချိုင်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း

18.1K 2.1K 4
                                    

ဆေးရုံနှစ်ရက်ထပ်တက်ပြီးတော့ ကျိုရှီအန်း လုံးဝ နေကောင်းနေပြီဖြစ်သဖြင့် ဆေးရုံမှာထပ်မနေချင်တော့။ ချန်ယင်းကို သူဆေးရုံကဆင်းချင်ကြောင်း နောက်တစ်ခါထပ်ပြောသည်။

ချန်ယင်းက သူဆေးရုံက ဆင်းလို့ ရမရ ဆရာဝန်ကို သွားမေးသောကြောင့် သူဆေးရုံခန်းထဲမှာ တစ်ယောက်ထဲ စောင့်ရင်း ကျန်ခဲ့သည်။ သူ့ဘေးကုတင်က အဘိုးအိုက အိပ်ပျော်နေတုန်းပင်။ ဘယ်တော့မှ နိုးမလာတော့တာလည်း ဖြစ်နိုင်သည်။ တစ်ခါတစ်လေ သူညဘက် အိပ်ဖို့ကြိုးစားရင်း သူ့ဘေးကုတင်က လူနာအကြောင်းကို စဉ်းစားမိသည်။ အဘိုးအိုက သူ့ဘေးကုတင်မှာ ရှိပေမယ့် ဘာသံမှ မကြားရ။

ထိုအချန်မှပဲ အခန်းတံခါးပွင့်လာသည်။ ချန်ယင်းပြန်လာတာလို့ သူထင်လိုက်ပေမယ့် မမျှော်လင့်ပဲ အသက် လေးဆယ်အရွယ် လူတစ်ယောက် ဝင်လာသည်။ ထိုလူကို မြင်လိုက်တဲ့အချိန်မှာ ကျိုရှီအန်းတစ်ကိုယ်လုံး အေးခဲသွားသည်။

ချိုင်ဝေ

ချိုင်ဝေက သူ့ကိုမြင်တော့ မင်သက်သွားသည်။ ပြီးတော့ အံ့သြသွားသည်။ "မင်း... မင်း၊ မင်း သတိရပြီလား။"

ကျိုရှီအန်း မျက်တောင် မြန်မြန်ခတ်လိုက်သည်။ သူက ချိုင်ဝေထက်တောင် ပိုအံ့သြနေသေးသည်။ သတိရပြီး ရက်အနည်းငယ်အတွင်းမှာပင် အရင်က သူငယ်ချင်းနဲ့ ပြန်တွေ့မယ်လို့ မမျှော်လင့်ထား။

ချိုင်ဝေက ခြေလှမ်းကြဲကြီးများဖြင့် သူ့ဆီလျှောက်လာသည်။ ကြမ်းကြမ်းတမ်းတမ်းနေတတ်သည့် လူကြီးက ဝမ်းသာလွန်းလို့ မျက်နှာတွေ ရဲနေသည်။ သူက ကျိုရှီအန်း ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်က အားများလွန်းလို့ ကျိုရှီအန်း ပုခုံးအနည်းငယ် နာနေသည်။ သူက ကျိုရှီအန်းက ဝမ်းသာအားရ ပြောသည်။ "ငါ့ညီ၊ မင်းကတော့ အကို့ကိုသိမှာမဟုတ်ဘူး။ အကိုက မင်းကို သိတယ်။" သူက ဘေးကုတင်က အဘိုးကို ညွှန်ပြကာ "ဒါက အကို့အဖေလေ။ အဖေ ဒီမှာ လဲနေတာ ခြောက်လတောင်ကျော်ပြီ။ အကို့အဖေကို လူနာလာတွေ့တိုင်း ညီလေးကိုတွေ့တယ်။ အကို့အဖေက ဒီအရွယ်တောင် ရောက်နေပြီမို့ သတိလစ်ပြီး လဲနေတာ ရှိစေတော့။ ငါ့ညီက အရမ်းကို ငယ်သေးတယ်။ မင်းသာ တစ်သက်လုံး ဒီလိုပဲ လဲနေတော့မယ်ဆိုရင် မင်းအမေ ဘဝကို ရှေ့ဆက်နိုင်တော့မှာ မဟုတ်ဘူး။ မင်း သတိရနေမယ်လို့ မထင်ထားဘူး။ ကောင်းတယ်၊ ကောင်းတယ်။" သူ ဝမ်းသာအားရ ပြုံးကာ ကျိုရှီအန်းရဲ့ ပုခုံးကိုရိုက်ရင်း ပြောသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now