အခန်း ၃၈ - မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခြင်း

13.3K 1.8K 228
                                    

ယန်မင်ရှု ကျိုရှီအန်းကို အိပ်ခန်းထဲခေါ်လာပြီး ကုတင်ပေါ် ပစ်တင်လို်က်သည်။ ပြီးတော့ ကျိုရှီအန်း အင်္ကျီနဲ့ ဘောင်းဘီကို ချွတ်သည်။

ကျိုရှီအန်း အတင်း ရုန်းကန်နေတော့ ယန်မင်ရှု အကြိမ်ကြိမ် အထိုးခံရ အကန်ခံရသည်၊ သူ့မျက်နှာ ဖူးယောင်ပြီး ကြည့်ရဆိုးနေသည်၊ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနေသည်။

ကျိုရှီအန်းက ကြိုးချည်ခံထားရတော့ မလှုပ်နိုင်သဖြင့် ယန်မင်ရှုကိုသာ အေးစက်စက်စိုက်ကြည့်နေသည်။

ယန်မင်ရှု သူ့မျက်လုံးတွေကို မမြင်ချင်ယောင် ဆောင်နေပေမယ့် ကျိုရှီအန်းရဲ့ အတွင်းခံပဲကျန်တဲ့အထိ ချွတ်ပြီးသွားတော့ သူ့ကို စောင်ခြုံပေးပြီး ပြောသည်၊ "ခင်ဗျား ဒီနှစ်ရက် ဒီလိုပဲနေရမယ်၊ အပြင်ထွက်ဖို့ မစဉ်းစားနဲ့၊ ကျွန်တော် စောင့်ကြည့်နေမှာ။"

"ယန်မင်ရှု၊ မင်း ယုတ်မာတဲ့ကောင်"

ယန်မင်ရှု ဒေါသကြောင့် နီရဲနေတဲ့ သူ့မျက်နှာကို လက်နဲ့ထိသည်။ "ဇာတ်ကားဖွင့်ပွဲပြီးရင် ခင်ဗျားကို လွှတ်ပေးမှာပါ။ ကျွန်တော်ပြောထားတဲ့အတိုင်း လုပ်မယ်။ တနင်္လာနေ့ကျရင် ခင်ဗျားကို ဒါရိုက်တာကျန်းလင်နဲ့ တွေ့ပေးမယ်။ သူရိုက်မယ့်ကားအတွက် investor ရှာနေတာ မကြာသေးဘူး။ ကျွန်တော် ခင်ဗျားကို မင်းသားလုပ်ဖို့ ထောက်ခံပေးမယ်။ အဲဒီ့နေရာက အကိုတုန်ရဲ့ ဇာတ်ကောင်နေရာလိုပဲ ကောင်းတယ်၊ ခင်ဗျား မကျေနပ်စရာ ဘာရှိလဲ။"

ကျိုရှီအန်းရဲ့ မျက်ကွင်းတွေညိုနေတဲ့ မျက်လုံးတွေက ယန်မင်ရှုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ "ယန်မင်ရှု ငါက ဝမ်ယုတုန်ရဲ့ နေရာကိုပဲ လိုချင်တယ်လို့ ပြောရင်ကော။"

ယန်မင်ရှု မျက်မှောင်ကြုံ့ပြီး အေးစက်စက်ပြောသည်၊ "ခင်ဗျား အကိုတုန့်နေရာကို လိုချင်တာလား၊ လန်ရှီရောင်နဲ့ အတူတူ သရုပ်ဆောင်ချင်တာလား။"

"ငါ ဝမ်ယုတုန်ရဲ့ နေရာကို လိုချင်တာ၊ မင်းငါ့ကို ပေးနိုင်လား။" ကျိုရှီအန်း အံကြိတ်ပြီး သူ့ကိုကြည့်သည်။

ယန်မင်ရှုမျက်နှာပေါ်က ကြွက်သားတွေ တွန့်သွားသည်။ သူ ကျိုရှီအန်း ဘာတွေကို အကြောက်အကန်ဖြစ်နေလဲဆိုတာ နားမလည်နိုင်။ ခဏနေတော့ သူပြောသည်၊ "အကိုတုန်ရဲ့ ဇာတ်ကောင်နေရာကို ခင်ဗျား သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူက ယန်မိသားစု တစ်ပိုင်းဖြစ်နေပြီ၊ ကျွန်တော်တို့ မိသားစု မျက်နှာအပျက်မခံနိုင်ဘူး။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now