အခန်း ၆၃ - နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ ရှားပါးညတစ်ည

14.1K 2K 205
                                    

ယန်မင်ရှုက လာမရှုပ်နဲ့ ဆိုမှတော့ ကျိုရှီအန်းလည်း သူ့ကို စပြီး ထိတာ ကိုင်တာမျိုး လုံးဝမလုပ်။

စောစောက မျက်လုံးချင်း စုံလိုက်မိတာက သူ့ရင်ကို နာကျင်စေသည်။ အခိုက်အတန့်လေး တစ်ခုမှာ ယန်မင်ရှု မြင်သွားတယ်လို့ သူခံစားရသည်။ အရေပြားကိုဖြတ်သန်းပြီး သူ့စိတ်ဝိဉာဉ်ရဲ့ အနက်ရှိုင်းဆုံးအထိ မြင်သွားသလို ခံစားရသည်။

ဒါပေမယ့် ချက်ချင်းပဲ၊ ယန်မင်ရှု သူ့ဘာသူ ငြင်းလိုက်သည်။ ဟုတ်တယ်၊ ယန်မင်ရှုရဲ့မျက်လုံးတွေ ရှုပ်ထွေးနေရာကနေ ကြည်လင်သွားတာ၊ ပြီးတော့ ပြန်ပြီး ရှုပ်ထွေးသွားတာကို သူ မြင်နိုင်သည်။

သွေးသားမတော်စပ်တဲ့ လူနှစ်ယောက်ကြားမှာ မမြင်ရတဲ့ဆက်နွယ်မှုဆိုတာမျိုး ရှိနိုင်လား မသိ။ နောက်ပြီး သူတို့နှစ်ယောက်က အနီးစပ်ဆုံးပတ်သတ်ခဲ့ပြီး ခန္ဓာကိုယ်ချင်း ပေါင်းစည်းခဲ့ဖူးသည်။ ယန်မင်ရှု သူ့ကိုကြည့်တဲ့အချိန်မှာ ယန်မင်ရှုကော အဲ့လို ရင်းနှီးတဲ့ခံစားချက်မျိုး ခံစားရလား။

ကျိုရှီအန်း မသိ၊ ယန်မင်ရှုကလည်း သူ့ကိုပြောမှာမဟုတ်။ ဒါပေမယ့် သူထင်ထားတဲ့ကိစ္စဖြစ်မလာတာကြောင့် စိတ်သက်သာရာ ရသည်။

သူ ယန်မင်ရှုဘေးမှာ လှဲနေရင်းနဲ့ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ တွေးနေသည်။

သူ ထွက်သွားချင်သည်၊ ဒါပေမယ့် ဘယ်အချိန်မှာ သွားရင်ကောင်းမလဲ မသိ။

အကြာကြီး စဉ်းစားပြီးတော့ နောက်ဆုံး သူ အိပ်ရာပေါ်ကနေ ထမလို့လုပ်သည်။ ဒါပေမယ့် သူ ထထချင်းပဲ ယန်မင်ရှုရဲ့ အေးစက်စက် အသံကြားရသည်၊ "ဘယ်သွားမလို့လဲ။"

ကျိုရှီအန်း ရုတ်တရက် လန့်သွားသည်၊ ပြီးတော့ တုံ့ဆိုင်းဆိုင်းမေးသည်၊ "ဥက္ကဌယန်၊ ကျွန်တော် ပြန်လို့ရမလား။"

ယန်မင်ရှု မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုံ့ကြည့်သည်၊ "မင်း ဒီမှာ နေလို့မရဘူးလား။"

"ကျွန်တော့်အမေက ကျန်းမာရေးမကောင်းဘူး၊ ကျွန်တော် ဒီမှာ နေ့တိုင်းနေလို့မရဘူး။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now