Ep 49

9.1K 609 23
                                    

Zawgyi

Ep 49

သစ် အခန်းထဲသို့ပြန်ရောက်သွားတော့ သတိရနေပြီဖြစ်သည့် သက်တန့်ကိုတွေ့လိုက်ရသည်။ သူက သက်တန့်ကို ပြေးပြီး ပွေ့ဖက်လိုက်သော်လည်း သက်တန့်က ပြန်လည်၍မပွေ့ဖက်။။

'သက်​တန့်​....'

သက်​တန့်​ ကိုကြည့်​လိုက်​​တော့ မျက်​နှာ​သေနှင့်​ မျက်​လုံးများကနီရဲ​နေသည်။ သူ့အ​မေ အ​ကြောင်းသိပြီးဟန်​တူသည်။

'သစ်​......ငါ့မာမီ....ငါ့...မာမီလေ...'

ငိုချ​တော့မည့်​ သက်​တန့်​ ကိုလင်းသစ်​ ဆွဲဖက်ထား​လိုက်​သည်။

ထို့​နောက်​ ​မိမိအား​မွေး​ထုတ်ပေး​ခဲ့​သော ​သွေးသားရင်းချာတစ်​​ယောက်​ကို ဆုံးရှုံးလိုက်​ရ​သော ​ကြောင့်​ရှိုက်​ကြီးတငင်​ ငို​​ကြွေးနေ​သည့် သက်​တန့်​ ကိုရင်​ထဲတွင်​ တင်းကြပ်​စွာ ဖက်​ထားမိသည်။ တိတ်​ဆိတ်​​နေ​သော ​ဆေးရုံခန်းတစ်​ခုလုံး ငိုသံ ရှိုက်​သံများနှင့်​ဖုံးလွှမ်း​နေ၏

v

'သက်​တန့်​....စား​လေ....'

သက်​တန့်​ နိုးလာကတည်းက ဘာမှမစား ​ရေလဲတစ်​ငုံ​တောင်​မ​သောက်​​သောကြောင့် သစ်သည် သက်တန့်စားလောက်မည့်အရာတို့ကို တစ်ခုပြီးတစ်ခုပြင်ပေးနေလေသည်။

'သက်​တန့်​...မင်း တစ်ခုခုတော့စားမှဖြစ်မယ်။'

'ငါမစားချင်ဘူး...သစ်။'

သစ်က သက်တန့်နံဘေးတွင် ကပ်ထိုင်လိုက်သည်။

'စားပါကွာ.....'

'မင်းပဲစား...'

ဘယ်လိုကျွေးကျွေးမစားသောကြောင့် သစ်သည်လက်ထဲကဆန်​ပြုတ်​ ပန်းကန်​ကို ခုံ​ပေါ်တင်​လိုက်​သည်။ တစ်ရက်တည်းနှင့်ချောင်ကျသွားသော သက်တန့်မျက်နှာကို ကြည့်ကာစိတ်မကောင်းဖြစ်မိ၏။

'ဘာ​တွေစဉ်းစား​နေတာလဲ သက်​တန့်​....'

သက်​တန့်​ ကလက်​မှ ​ဆေးပိုက်​များ ဆွဲဖြုတ်​ရန်​ပြင်​လိုက်​သည်။

'မလုပ်​နဲ့​လေ...ဆွဲမဖြုတ်နဲ့... မင်းဘာလုပ်​မလို့လဲ...'

'ငါဒီအတိုင်းနေလို့မရဘူးသစ်။ ငါလုပ်​စရာရှိတယ်​...ငါ....ငါရှာရမယ်​...'

Crossfire Of Clover (Myanmar BL OC )[Complete]Tahanan ng mga kuwento. Tumuklas ngayon