Ep 19

9.6K 767 20
                                    

Zawgyi

Ep 19

'သစ်​....သစ်​....'

ရေချိုးခန်း ထဲမှမျက်​ရည်​များဖြင့်​​ပြေးထွက်​လာ​သော လင်းသစ်​ မှာသက်​တန့်​ ​ခေါ်သံကိုလည်းမကြားတော့ပဲ

အခန်းထဲကို ပြေးဝင်​သွားသည်။ သက္ကရာဇ်​ က​တော့လိုက်​ထွက်​မလာခဲ့။သက်​တန့်​ မှာလင်းသစ်​ ​နောက်​သို့လည်း

လိုက်​မသွားရဲပဲ တွေ​ဝေစွာကြည့်​​နေစဉ်​ပင်​ လင်းသစ်​ အခန်းထဲမှပြန်​ထွက်​လာသည်ကိုတွေ့လိုက်ရသည်။ လင်းသစ်​၏မျက်​နှာမှာ လွန်စွာတင်းမာနေသည်။ ​ကြေတွန့်​​နေ​သော ရှပ်​အကျီ င်္ကို ကျယ်​သီးပင်​ပြည့်​​အောင်​မတပ်ပဲ ကုတ်​အကျီ င်္နှင့်​ကား​သော့ကိုလက်​တစ်​ဖက်​ကဆွဲ၍ထွက်သလာသည်မှာ မာန်ဖီနေသောကျားတစ်ကောင်ကဲ့သို့ပင်

'သစ်​...'

သက်တန့် ကလက်​ကိုဖမ်းဆွဲလိုက်​​သော်​လည်း သစ်​ကဒေါသကြီးစွာ ပုတ်​ချလိုက်​သည်။

'ဒါ​တွေအားလုံး မင်း​ကြောင့်​ပဲ သက်​တန့်​...'

သစ်​ ကသက်​တန့်​ရင်​ဘတ်​ကို​ဆောင့်​တွန်​ကာအပြင်သို့ပြေး​ထွက်​သွားသည်။ ပြေးထွက်သွားသည့် သစ်ကိုကြည့်ရင်း​ သက်​တန့်​ ဘာဆက်​လုပ်​ရမှန်းမသိ ကြက်​​သေ​သေ​နေမိသည်။ လင်းသစ်​ လည်​တိုင်​မှ သွားရာများက​တော့ သက်​တန့်​ မျက်​လုံးထဲမှမထွက်​ခဲ့။ သို့သော်လည်း ငိုမိရုံမှလွဲ၍သူ ဘာကိုမှမတတ်နိုင်ခဲ့ပါပေ။

နာရီကိုကြည့်​လိုက်​​တော့ ​ရှစ်​နာရီခွဲနေပြီဖြစ်သည်။ သစ်​ ထွက်​သွားသည်​မှာ ​ရော သက္က ​ရေချိုးခန်း ထဲတွင်​ထိုင်နေသည်​မှာ​ရော နာရီဝက်​ရှိလေပြီ။ သက္က ကိုမျက်​နှာချင်းမဆိုင်​ချင်​၍ သွားမ​​ခေါ်မိ​သော်​လည်း မစဲ​သော​ရေသံ​ကြောင့်​ သက်​တန့်​ ဒီအတိုင်း ထိုင်​​နေ၍မရ​တော့ပေ။

စေ့ရုံ​စေ့ထား​သောတံခါးကို အသာတွန်းဖွင့်​လိုက်​​တော့ သက္ကရာဇ်​မှာ ရေဖွင့်​ထား​သော ​ရေပန်း​အောက်​တွင်​ နံရံကိုမှီကာ ထိုင်​​နေ၏။

'သက္က...'

သက်​တန့်​ ​ခေါ်သံ​ကြောင့်​ သက္ကရာဇ်​ ​မော့ကြည့်​လိုက်​​သောအခါ သက္ကရာဇ်​ ၏မျက်​နှာမှာ ဖြူဆုတ်​လျက်​ နှုတ်​ခမ်း များလည်း ​သွေး​ရောင်ပင်​မရှိ​တော့။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now