Ep 36

8.4K 633 2
                                    

Zawgyi

Ep 36

တစ်​​နေကုန်​စိတ်​​​ရောလူပါ ပင်​ပန်းခဲ့​သော်​လည်း သက္ကမှာ အ​တွေး​ပေါင်းစုံနှင့်​ အိပ်​မ​ပျော်​နိုင်သေးပေ။ နာရီကိုကြည့်လိုက်တော့ မနက်နှစ်နာရီ ထိုးနေပြီဖြစ်သည်။ ဒီအချိန်ထိမဟော်ပြန်မလာသေးသောကြောင့် သူ့အတွက်လည်း ပူပန်နေရပြန်သည်။ တစ်နေရာရာတွင် အရက်တွေမူးပြီးများလဲနေမှာ တစ်ယောက်တည်းပြသနာရှာပြီး ရန်တွေဖြစ်နေမှာ စသည်ဖြင့်အမျိုးမျိုးတွေးပူနေရလေသည်။

ထို့နောက်ဆိုဖာ​ပေါ်တွင်​ အိပ်​​ပျော်​ခါနီးမှ ကြားလိုက်​ရ​သော တံခါးဖွင့်သံ​ကြောင့်​ မ​ဟော်​မှန်းသိ၍​ငေါက်​ကနဲထလာမိသည်။

'​မ​ဟော်​....။ ဒီအချိန်ထိဘယ်တွေသွားနေတာလဲ။ ကားသံလည်းမကြားဘူး...ကားမပါဘူးလား..'

'ကျွန်တော် ​သောက်​ထားလို့...သူငယ်​​ချင်း​တွေလိုက်​ပို့တာ'

'​သြော်​...အင်းအင်း....။ ​သောက်​ထားရင်​မ​မောင်းတာ​ကောင်းတယ်​.....။ အခုသွားအိပ်​​တော့​လေ...နားလိုက်တော့ သွား...။ ​နောက်​ကျ​နေပြီ...မိုးတောင်လင်းတော့မယ်။ '

'ကိုသက်​.....'

ထရန်​ပြင်​လိုက်​​သော သက္ကရာဇ်​ ​ဘေးတွင်​ မ​ဟော်​ဝင်​ထိုင်​လိုက်​ပြီး လက်​ထဲမှဘီယာဘူးနှစ်​ဘူးအနက်​တစ်​ဘူးကို​ တစ်​ခါတည်း ​ဖောက်​ပြီးပေးလိုက်​သည်။

'ဒါကဘာလဲ မ​ဟော်​...'

'ကျွန်​​တော်​ ​သောက်​ချင်​​သေးလို့ ကိုသက်​လည်း အ​ဖော်​လုပ်​ပြီး​သောက်​​ပေး....'

'ငါ မ​သောက်​​တော့ဘူး...မဟော်။ မနက်​လည်းအလုပ်​သွားရဦးမယ်။'

'ဘီယာ​လေး တစ်​ဘူးက ဘယ်​​ချောင်​ကပ်​မှာမို့လို့လဲ ကိုသက်​ရာ....'

မ​နေ့ကလည်း လွန်​ထားသည်​ ဖြစ်​၍ သက္ကရာဇ်​ ထပ်​ပြီး အထွန့်​မတတ်​​တော့ပဲမဟော်ပေးသည့် ဘီယာဘူးလေးကိုယူလိုက်သည်။ မ​ဟော်​ က လက်​ထဲမှ ဘူးကို အရင်​ကုန်​​အောင်​​သောက်​လိုက်​သည်။ မဟော့်ပုံစံကနည်းနည်းထူးဆန်းနေသည်ကို သက္ကသတိထားမိသည်။ မနေ့ကကိစ္စကို စိတ်ဆိုးနေတုန်းပဲ ဆိုတာကိုတော့သိသည်။ သို့သော် သူမချော့တတ်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now