Ep 25

9.2K 799 20
                                    

Zawgyi

Ep 25

'ခင်​ဗျား...ဘာလာလုပ်​တာလဲ...'

အိမ်ပေါက်ဝတွင်ရပ်နေသည့် သက်တန့်ကို မဟော်ကဆီးကြိုရန်တွေ့လိုက်ရုံသာမက အထဲသို့ဝင်လို့မရအောင် လက်နှစ်ဖက်ကိုလည်း ပိတ်ကာ ကာထားသေးသည်။

'ငါသက္က ဆီလာတာ​လေ...ဘာဖြစ်​လို့လဲ...။'

'​နေဦး.....'

'ဘာလဲ...မင်းဖယ်​စမ်းပါ...။ သက္က...​ရေ...သက္က...'

'​နေဦး​လေ...စွတ်အော်မနေနဲ့....။ ကိုသက်​ က ခင်​ဗျား ကို​တွေ့ချင်​လား မ​တွေ့ချင်​လား...သွား​မေးလိုက်​ဦးမယ်​..'

'ဘာကွ...'

မ​ဟော်​ ကတံခါးကိုဆွဲပိတ်​လိုက်​ကာ အထဲသို့လှစ်ခနဲ ​ပြေးဝင်​သွား၏။ အမှန်တော့ မူးအောင်သောက်ပြီး အိပ်ပျော်နေသည့် သက္ကကိုနှိုးရန်ဖြစ်သည်။

'ကိုသက်​....ကိုသက်​...'

မ​ဟော်က​ ပြန့်​ကျဲ​နေ​သော ပစ္စည်း များလိုက်​​ကောက်​ရင်း

'ကိုသက်​...ထ​တော့...။ ကိုသက် သူငယ်ချင်း သက်​တန့်​ ​ရောက်​​နေတယ်​...'

နိုးတစ်​ဝက်​ အိပ်​တစ်​ဝက်​ ဖြစ်​​နေ​သော သက္ကရာဇ်​ မှာ သက်​တန့်​ နာမည်​ကြားသည်​နှင်​အလိုလိုအိပ်ချင်ပြေကာ

'ဟင်​...အသက်​လား...'

ဟု အလန့်တကြားမေးလိုက်သည်။ သူရှိရာသို့ သက်တန့် လိုက်လာမည်ဟု သူဘယ်လိုမှထင်မထားခဲ့ပေ။

'အသက်​..ကို​ခေါ်ထားပြီး ခဏစကားပြောနေလိုက်နော် မဟော်​...'

ဟု ​ပြောပြီးသည်​နှင့်​ သက္ကရာဇ်​ ​ရေချိုးခန်းထဲ​ပြေးဝင်​သွားသည်။

အချိန်​ပြည့်​မူးကာ အရူးတစ်ယောက်လို အရှုံသမားတစ်ယောက်လို ဖြစ်​​နေခဲ့​သောသူ့ပုံစံအား သက်​တန့်​ ကိုမမြင်​​စေလိုပေ။ နောက်ကွယ်တွင် သူဘယ်လိုပဲ ပြိုလဲနေပါစေ သစ် နှင့် သက်တန့်၏အမြင်တွင်တော့ သူက ပျော်ရွှင်နေသည့်ပုံပေါက်နေရမည်လေ။

'ဝင်​ခဲ့...ရပြီ...'

တံခါးကိုဖွင့်ပြီး မဟော်ကဝင်ခွင့်ပေးလိုက်သောအခါ သက်တန့်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now