Ep 7

12.8K 1.1K 6
                                    

Zawgyi

Ep 7

'သက္က...။ ​စော​စောစီးစီး ဘယ်​သွားမလို့လဲ...ဒီလွယ်​အိတ်​ကြီးက​ရော...'

'အသက်​...ငါ ခရီးထွက်​ရမယ်ကွာ။ ငါ့​အဖွား အသည်းအသန်​ ဖြစ်​လို့တဲ့။ ငါသွားမှဖြစ်မယ်။ တစ်ကယ်လို့ ဒါကသူ့ရဲ့နောက်ဆုံးအချိန်ဆဆိုရင် မြေးဖြစ်တဲ့ငါက သူ့အနားမှာရှိနေမှဖြစ်မှာလေ...။'

'အေးကွာ။ ဂရုစိုက်ပြီးသွား။ ကားကိုလည်းသေချာဂရုစိုက်မောင်း။ ဒါနဲ့လင်းသစ်​ကို​ရော...ပြောပြီးပြီလား...။'

'သစ်ကိုငါညကပြောပြီးသွားပြီ။ အခုတော့သူအိပ်ပျော်နေတုန်း။ ငါသူ့ကိုမနှိုးချင်တော့လို့ဒီအတိုင်းပဲသွားလိုက်တော့မလို့။ ဒါနဲ့ ငါစိတ်ချမယ်နော်အသက် မင်းနဲ့ သစ် ရန်ဖြစ်မနေကြနဲ့ဦး...။'

'အေးပါ။ စိတ်ဖြောင့်ဖြောင့်သာသွား။ တတ်နိုင်သမျှတော့ မဖြစ်အောင်နေမယ် ဟုတ်ပလား ​....'

မဖြစ်မနေသွားရမည့်ခရီးဖြစ်သောကြောင့် သက္က သွားရခြင်းဖြစ်သော်လည်း သူမရှိသည့်အခိုက်တွင် မတည့်အတူနေထိုနှစ်ကောင်သား သတ်ပုတ်နေကြမည်ကိုစိုးရိမ်ရသေးသည်။ နောက် သူမရှိသည့်အချိန်အခိုက်

အတန့်တွင် သူ၏ သစ်ကလေးကို အစစအရာရာဂရုစိုက်ပေးမည့်သူမရှိသောကြောင့် နေရထိုင်ရသွားရလာရ အဆင်မပြေဖြစ်ပါ့မလားဆိုတာလည်း ကြိုတင်တွေးတောပူပန်ရသေးသည်။ ဖြစ်နိုင်လျှင် နှစ်ကိုယ်ခွဲ၍သာ တစ်ကိုယ်ကို ပြည်သို့ လွှတ်လိုက်ချင်တော့သည်။

'သြော် သစ်​နိုးလာပြီးလား....'

အိပ်ချင်မူးတူးနှင့် အိပ်​ခန်းထဲမှထွက်လာ သော သစ်​ကို သက္က ​နှုတ်ဆတ်ရင်းပွေ့ဖက်လိုက်​ကာနဖူး ​လေးကိုအသာနမ်းလိုက်​သည်​။

'ငါသွား​တော့မယ်​​နော်​...သစ်​။ ထမင်းစားချိန်တွေမလွန်စေနဲ့။ ညနက်တဲ့အထိလည်းမနေနဲ့ဦး။'

'အင်းပါ။ မင်းသာ...ကား​သေချာ​မောင်းဦး...'

'လင်းသစ်​...မင်းပါလိုက်​သွားပါလား..။'

' သစ်​ရဲ့စာ​မေးပွဲက နီး​နေပြီ အသက်ရဲ့။ သစ် လိုက်​ရင်​ပင်​ပန်းလိမ့်​မယ်​...။ ဒီမှာနေခဲ့တာပိုကောင်းပါတယ်။ ပြီးတော့ ဟိုမှာကအမျိုးတွေအများကြီးနဲ့ ရှုပ်ယှက်ခပ်နေဦးမှာဆိုတော့ သစ်နေတတ်မှာမဟုတ်ဘူး။ အသက်​..သစ်​ မင်းတို့ရန်​မဖြစ်​နဲ့​နော်​...ငါအဲ့ဒါပဲအကြိမ်ကြိမ်မှာမယ်။'

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now