Ep 4

15.4K 1.3K 10
                                    

Zawgyi

Ep 4

မီး​ရောင်​စုံအောက်တွင် လူ​ပေါင်းစုံဖြင့်ရှုပ်​ယှက်​ခပ်နေပြီး သီချင်းသံတစ်​ဒုံးဒုံးနှင်​ဆူညံနေသော ကလပ်​တစ်​ခုထဲတွင်​သက်​တန့်​ မကဘဲ ​ချောင်​တစ်​​ချောင်​တွင်​ထိုင်​​ကာအရက်များသာတရစပ်သောက်​​နေသည်။ က ရသည်​ကိုသက်​တန့်​စိတ်​မဝင်​စား က​နေသည့်​သူများကိုသာကြည့်​ရသည်​ကိုစိတ်​ဝင်​စားသောကြောင့်ထိုင်ကြည့်နေမိသည်

'သက္က....'

'ဟဲလို....အသက်​..ဘာပြောနေတာလဲ..မကြားရဘူး ဆူညံ​နေတာပဲ..'

သက်​တန့်​ အပြင်​သို့ထွက်​မ​ပြောပဲ​နေရာတွင်​သာဆက်​​အော်​​နေသည်​။ အဆက်မပြတ်သောက်နေသော

ကြောင့်လူကအနည်းငယ်မူးနေပြီဖြစ်ကြောင်း နီနေသောမျက်နှာကသက်သေပင်ဖြစ်သည်။

'သက္က...ငါအခု Mr.J (club name) မှာ မင်းလာခဲ့....'

ဖုန်းသံသည်ဆူညံ​နေ​သော​ကြောင့်​ တစ်​ဖက်​မှ သက္ကသည်လည်းဆူညံသံကို ​ထိုး​ဖောက်​ပြီး​အော်​​ပြော​နေရသည်

'မရဘူး....အသက်​...ငါအခု ပြည်​ မှာ...'

'ဟင်​....။ နေပါဦး။ မင်းကဘယ်​လိုဖြစ်​ပြီး အဲ့​ကိုရောက်​သွားရတာတုန်း..'

'အာ ဒီမှာငါ့ အဖွားရှိတယ်​​လေ။ ဖွားဖွား​နေမ​ကောင်းဘူးတဲ့ကွ။ အဲ့ဒါကြောင့်ငါလာတာ။ ငါရန်ကုန်မှာမရှိတာကို သစ်​က မင်းကိုမ​ပြောဘူးလား..'

'ငါမှ သူနဲ့မ​တွေ့ဖြစ်​တာ...။ မင်းကဘယ်​​တော့ပြန်​လာမှာလဲ..'

'ငါလား။ ငါမနက်​ဖြန်​ ဆိုပြန်​​ရောက်ပါ​ပြီ...'

'အေး အေး...ဒါဆိုလဲပြီး​ရော...​သေချာပြန်​ခဲ့..ကားကိုဂရုစိုက်မောင်း'

'အင်း...မင်းလဲသိပ်​မူးမ​နေနဲ့ အသက်​ အိမ်​ကို​စော​စောပြန်​ဦး...'

'အင်းပါ...ဒါပဲ...'

'OK.....'

သက်​တန့်​ ဖုန်းကို​ဘောင်းဘီ အိပ်​ကတ်​ထဲထိုးထည့်​လိုက်​ပြီး ​ရှေ့ရှိခွက်​ထဲမှ လက်​ကျန်​ တစ်​ငုံစာကို​မော့လိုက်​သည်​။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now