Ep 23

9.4K 776 19
                                    

Zawgyi

Ep 23

လှေကားထစ်​များပေါ်ကိုအဆက်​မပြတ်​​ပြေးတက်​သွား​သော လင်းသစ်​မှာ အခန်းထဲ ​ရောက်​သည်​နှင့်​ ဘာကို​ဒေါသထွက်​လို့ထွက်​မှန်းမသိ ​ပေါက်​ကွဲ​နေသည်။ အ​နောက်​မှလိုက်​လာ​သော သက်​တန့်​ကိုပင်​ သတိမထားမိ​တော့ပေ။

'သစ်​....'

နောက်​ဆုံး သူ့ ​ဒေါသများကိုပုံချလိုက်​သည်​က သက္က၏ပစ္စည်းများကိုဖြစ်သည်။ ရှိသမျှပစ္စည်းများအားလုံး​ပေါက်​ခွဲကာကြမ်းပြင်​တွင်​လည်း သက္ကအကျီ င်္များနှင့်​ပစ္စည်းများကိုလွှင့်ပစ်ဖြန့်ကျဲထား၏။

သက္က ကိုတစ်​သက်​လုံးပိုင်​ဆိုင်​ခဲ့လာပြီးမှ ယခုည​နေခင်းတစ်​ခုတည်းနှင့်​လက်​လွှတ်​လိုက်​ရ​သော​ကြောင့်​ ကိုယ့်​ အတ္တနှင့်​ကိုယ်​ခံရခက်​​နေသည်။

'သစ်​...'

သက္က အကျီ င်္ကို ကတ်​​ကြေးဖြင့်​ဆွဲညှပ်​​နေ​သော လင်းသစ်​ကိုသက်​တန့်​ ဆွဲလိုက်ကာ

'သစ်​....​တော်​​တော့...'

'သစ်​...မင်းအဲ့​လောက်​​တောင်​ဖြစ်​​နေလား....

အေး...ငါအခု...သက္က ကိုသွားပြန်​​ခေါ်​ပေးမယ်​'

ဒေါသထွက်​ထွက်​ဖြင့်​​ပြောကာ လှည့်​ထွက်​သွား​သော သက်​တန့်​ကို ထွက်မသွားစေရန် အလို့ငှာ လင်းသစ်​​နောက်​မှလှမ်းဖက်​လိုက်၏။

'သက်​တန့်​...'

'ဘာလဲ...အခု​တော့ သတိဝင်​လာပြီလား..'

လင်းသစ်​ဘာမှမ​ပြော အသံမထွက်​ရှိုက်​ငို​နေသည်

'သစ်​....မင်းက​​လောဘကြီး​နေတာပဲ...။ သက္က ကို​ရော..ငါ့ကို​ရော မစွန့်​လွှတ်​နိုင်​ဖြစ်​​နေတာ...။ မင်းမလွန်လွန်းဘူးလား ဟမ်...။'

'မဟုတ်​ဘူး...'

'ဘာမဟုတ်​တာလဲ။ အခုပဲ သက္က​ကြောင့်​ငို​နေပြီး​တော့...'

'မဟုတ်​ဘူး သက်​တန့်​။ ငါချစ်​တာမင်းကိုပဲ...။ မင်းတစ်ယောက်တည်းကိုပဲ အဲဒါတော့ယုံပါ။'

သက်​တန့်​ လင်းသစ်​ ဘက်​လှည့်​ကာ မျက်​ရည်​များကို သုတ်​​ပေးလိုက်​သည်။ သူ့စိတ်ထဲတွင် သစ်ကိုဒေါသထွက်မိမလိုရှိသော်လည်း သစ်၏မျက်ရည်စအချို့ကြားတွင် ထိုဒေါသများကအရည်ပျော်သွားပါ၏။ သူလည်း သက္ကလိုပင် သစ်အပေါ်တွင် စိတ်ဆိုးခြင်းအမှုကိုမပြုနိုင်ပါပေ။ သစ် သည်ကံကောင်းလွန်းသည့် သူဟုပင်ဆိုရပေမည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now