Ep 20

10K 801 4
                                    

Zawgyi

Ep 20

မနက်ခင်း၏နွေးထွေးသော နေရောင်ခြည်လေးသည် အပြာရောင်အခန်းလေးဆီကို တစ်စတစ်စတိုးဝင်လာသည်။ အရင်နိုးနေသော သက္ကသည်နေရောင်များ ပိုမိုဝင်ရောက်လာစေရန်အလို့ငှာ ခန်းဆီးလိုက်ကာစကိုဖွင့်လိုက်ပါ၏။ မှန်၏အပြင်ဘက်တွင် လှမ်းမြင်နေရသော မြို့သည် လှုပ်လှုပ်ရှားရှားဖြင့် တဖြည်းဖြည်းပြန်လည်အသက်ဝင်လာနေ

သည်။ အပြင်ဘက်ကို အကြာကြီးတွေဝေစွာငေးကြည့်နေသော သက္ကသည် ပူလောင်မှုများရစ်သိုင်း ခြုံဖွဲ့သော သက်ပြင်းတစ်ချက်ကိုချလိုက်သည်။ သူ့ရင်ထဲတွင် နာကျင်မွန်းကြပ်နေပါ၏။

ခက်ခက်ခဲခဲချထားခဲ့သော ဆုံးဖြတ်ချက်တစ်ခုအကြောင်းကိုလည်း အကြိမ်ကြိမ်အခါခါ စဉ်းစားနေမိသည်။ မည်သို့ပင်ဖြစ်စေ သူ့ဆုံးဖြတ်ချက်သည် မှန်ကန်နိုင်ပါ၏။ သူတစ်ယောက်နာကျင်စေသော်ငြား၊ အကျိုးဆက်ကိုရင်ဆိုင်ရန် ခက်ခဲလွန်းသော်ငြား မှန်ကန်နိုင်ပါသည်။

နောက်ဆုံး ပါးပြင်ပေါ်သို့လှစ်ခနဲပြေးဆင်းလာသော မျက်ရည်စကလေးကို သက္က လက်ခုံဖြင့်သုတ်လိုက်ပြီး အိပ်စက်နေသော လင်းသစ်ဆီသို့ လှမ်းလိုက်၏။ သစ်မှာ ညကအတော်လေးမူးအောင် သောက်ခဲ့၍လားမသိ ယခုထိတိုင်အိပ်ပျော်နေသေးသည်။

သက္ကသည် သစ်၏​ နဖူးကိုဖွဖွနမ်းပြီးနှိုးလိုက်​သည်။ ဤအနမ်းသည်​ ​နောက်​ဆုံးအနမ်းဖြစ်​လိမ့်​မည်ဟူသော အသိကြောင့် သူ့ရင်ထဲတွင်နှစ်ဆလေးလံလာပါ၏။

လင်းသစ်​နိုးလာသောခါ

'ထ​တော့လေ...သစ်​...။ မိုးလင်းနေပြီ...။'

သစ် သည်အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးကိုပွတ်နေသည်။

'သစ်...။ ငါ... အပြင်သွားမလို့။ အသက်​ အ​မေ ​ဆေးရုံ တင်​ထားရတယ်။ အဲဒါသွားမလို့...

မင်းလိုက်​ဦးမလား...'

'ငါမလိုက်​ဘူး...သက္က။ မင်းလဲသွားမ​နေပါနဲ့...။ ငါတို့နဲ့​နောက်​ဆုံးတစ်​​ခေါက်​​တွေ့တုန်းက ငါတို့ကို​ပြောဆိုထားတာ မမှတ်​မိဘူးလား...'

Crossfire Of Clover (Myanmar BL OC )[Complete]Tahanan ng mga kuwento. Tumuklas ngayon