Final Ep

44.5K 1.6K 349
                                    

Zawgyi

Final Ep

လင်းသစ်​ ထုံးစံအတိုင်းပင်​ ​ရှေ့မှ ခပ်​သုပ်​သုပ်​ ထွက်​လာကာ လာဆွဲ​သော သက်​တန့်​ လက်​ကိုပုတ်​ချလိုက်သည်။

'သစ်​....ဟာ....'

ကားထဲဝင်​ကာ ကားတံခါးကို​ဆောင့်​ပိတ်​လိုက်​၏။ နှုတ်ခမ်းများက စူပုတ်နေသည်။ မျက်ခုံးများက မှုံကုတ်နေ၏။။

သက်​တန့်​ လည်းကားထဲဝင်​ရင်း ကားစက်​နှိုးကာ ဘေးကိုလှည့်​ကြည့်​လိုက်​​တော့ လင်းသစ်​ မျက်​နှာမှာ စူပုတ်​​နေသည် ကိုတွေ့လိုက်ရသည်။ နဖူးပေါ်ခပ်ဝဲ​ဝဲကျ​နေသည့်​ ရေစို​နေ​သော ဆံပင်​အဖျား​လေး နှင့်​ မျက်​ဝန်းနက်နက်​ လှလှ​လေးကိုကြည့်​ကာ သက်​တန့်​ ပြုံးမိပြန်သည်။

'​တော်​ပြီ​လေ....စိတ်​မဆိုးနဲ့​တော့...'

သစ်က​ နှာ​ခေါင်းရှုံ့  လိုက်​ကာနီရဲ​နေ​သော​အောက်​နှုတ်​ခမ်း ​လေးကို စူထားသည်။

'​မောင်း​လေ.....မ​မောင်းဘူးလား...'

'မသိဘူး​လေ....မသွား​တော့ဘူးလား လို့....'

သက်​တန့်​ ပြုံးစိစိနှင့်​​ပြောလိုက်​ကာ သစ်​ ပါး​လေးကိုလိမ်​ဆွဲလိုက်​၏။

'မထိနဲ့....'

'ထိတယ်​ကွာ....ထိတယ်​...'

ရှောင်​လိုက်​​သော သစ်​ ကို အသဲယားသောကြောင့် သက်​တန့်​ ​ရှေ့တိုးကာ ပါးကိုပင်​ ရွှတ်​ခနဲ နမ်းလိုက်​​သေးသည်။

'သက်​တန့်​....'

'အိပ်​ရာထ​နောက်​ကျတာ​လေးကို ဒီ​လောက်​စိတ်​ဆိုး​နေရလား....'

'ငါည တည်းက​ပြောထားတာ​လေ.....မင်း ဘယ်​​တော့မှအ​လေးမထားဘူး...'

'ဟာ....တကယ်​​မေ့သွားလို့ပါဆို....'

'မြန်​မြန်​​မောင်း....သက္က ​စောင့်​​နေ​တော့မယ်​....'

'​မောင်း​နေတာပဲ...'

v

သက္ကရာဇ်​ တို့ ခြံ​ရှေ့အ​ရောက်​ လှမ်းကြည့်​လိုက်​​တော့ ခြံထဲတွင်​ ထိုင်​​နေ​သော သက္ကရာဇ်​ နှင့်​ မ​ဟော့်ကို လှမ်းမြင်နေရသည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now