Ep 47

8.5K 586 0
                                    

Zawgyi

Ep 47

ဤမနက်ခင်းတွင် ​ထွက်​လာ​သော​နေသည်​ သက်​တန့်​အတွက်​ မလင်းပဲ အ​မှောင်​ ကိုသာ​ဆောင်​ကျဉ်းလာသကဲ့သို့ပင် ရင်ဆိုင်ရန်ခက်ခဲလှ၏။ တစ်​ညလုံးလည်းမအိပ်​နိုင်ဘဲ​ ကုတင်​​ပေါ်တွင်​ထိုင်နေ​လျက်​သာ တစ်​ညတာကုန်​ဆုံးသွားခဲ့သည်။ အိမ်​​အောက်​ထပ်​မှကြားရ​သော ရယ်​သံများကိုတော့ နာကျင်​စွာကျိန်​ဆဲ​မိသည်။

'​ဒေါက်​.....​ဒေါက်​.....'

တံခါး​ခေါက်​သံနှင့်​အတူ ​ခြေသံဖွဖွ​လေးတစ်​ခုဝင်​လာသည်ကို သက်တန့်ကြားလိုက်ရသည်။ 

'ကိုကို.....အန်​တီ....အန်​တီ....က​အဆင်​သင့်​ဖြစ်​ပြီလားတဲ့....'

သက်တန့်ကြည့်လိုက်တော့ ဖြူ​ဖွေးနုဖတ်​​နေ​သောအသားအရည် သွယ်​လျလျ ခန္ဓာကိုယ်​ကလေးနှင့်

ငယ်​ရွယ်​နုနယ်​​နေ​သော ​ကောင်​မ​လေးတစ်​​ယောက် ဖြစ်သည်။ သူ့ခေါ်သံက မရဲတရဲ နှင့် ခပ်တိုးတိုးဖွဖွကလေးဖြစ်၏။

မိတ်​ကပ်​မပြင်​ထားပဲ သဘာဝအတိုင်း​တောင်​ အ​တော်​လေးလှသည့် မိန်းကလေးဖြစ်သည်။

သို့​သော်​ သက်တန့်အတွက်တော့ ထိုမိန်းကလေးသည် ရင်ခုန်စရာမကောင်း။ အမေဖြစ်သူက ထိုကောင်မလေးနှင့်မိတ်ဆက်ပေးကတည်းက သူက ထိုကောင်မလေးကို သိသိသာသာ ရှောင်ဖယ်နေခဲ့သည်။ စေ့စပ်ပွဲ ကျင်းပသည့်နေ့တုန်းကလည်း ထိုကောင်မလေးကို သူကစေ့စေ့မကြည့်။ ထိုကောင်မလေးက သူ့ကို ခိုးခိုးပြီး ကြည့်နေသည်ကိုတော့ မျက်လုံးထောင့်များမှ မြင်ခဲ့ရသည်။ သူသိသမျှ အရာအားလုံးမှာ ထိုမိန်းကလေးသည် သူ့မိခင်စိတ်တိုင်းကျ ရွေးချယ်ထားသည့် မိန်းကလေးဖြစ်ပြီး သူ့အတွက်တော့ ဂီတာ တစ်လက်လောက်ပင် စိတ်ဝင်စားစရာမရှိသည့် မိန်းကလေးဖြစ်သည်။ ဒီလိုမျိုး သူမချစ်သော မိန်းကလေးမျိုးနှင့် လက်ထပ်ရခြင်းသည် သူ့အတွက်တော့ အချုပ်ထောင်တစ်ခုအတွင်း ကျဆင်းရသလို လွန်စွာ မသက်မသာရှိစေလေသည်။

'ခဏ​နေရင်​ ဆင်းခဲ့မယ်​....'

'ဟု..ဟုတ်​.......'

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now