Ep 16

10K 851 12
                                    

Zawgyi

Ep 16

မနက်ဆို လင်းသစ်​ မနိုးခင်​အရင်​နိုးတတ်ပြီး အိပ်​​ပျော်​​နေ​သောလင်းသစ်၏မျက်နှာလေး​ကိုကြည့်​​နေတတ်​သည်​မှာ သက္ကရာဇ်​ ၏အကျင့်​တစ်​ခုလိုဖြစ်​​နေ​ပေသည်။ မှိတ်စက်ထားသောထိုမျက်ဝန်းများကို၊ အမည်းရောင်မျက်တောင်

ကော့လေးများကို၊ ပန်းသွေးရောင်နှုတ်ခမ်းပါးလေးကို ကြည့်နေရသည့်အချိန်များတွင် သူ၏ကမ္ဘာလောကကြီးသည် အရာရာပြီးပြည့်စုံနေသလို ရူးရူးမူးမူးခံစားရစမြဲသာဖြစ်သည်။nအခုလည်း လင်းသစ်​ ကို မျက်​စိ​အောက်​ကပင်​ ချက်​ချင်း ​ပျောက်​ကွယ်​သွား​တော့မည့်ဆပ်ပြာပူဖောင်းလေးလို မျက်​​တောင်​မခတ်​တမ်း ကြည့်​​နေ​လေသည်။

နာရီကိုကြည့်​လိုက်​​တော့ ခုနှစ်​နာရီပင်​ခွဲ​နေ​ပြီဖြစ်၏။ ယ​နေ့ လင်းသစ်​ တစ်​​နေရာသို့သွားစရာရှိသည်

သက္က နှင့်​ သက်​တန့်​ မှာနောက်​ဆုံးနှစ်​စာ​မေးပွဲ ကိုရိုးရိုး​အောင်​​သော်​လည်း လင်းသစ်​က မာစတာတန်းခဲ့ဝင်​​သော​ကြောင့်​ ကျောင်းဆက်​တတ်​ရန်​ပြင်​ဆင်​စရာများရှိ​သော​ကြောင့်​ပင်။

သစ်​ ရယ်​ ငါမင်းကိုအခုလိုကြည့်​​နေခွင့်​​လေး ဘယ်​​လောက်​များရှိနိုင်​ဦးမလဲ...။ နောက်ထပ်ဘယ်နှစ်ရက်လောက်များလဲ။

သက္ကရာဇ်​ လင်းသစ်​ ကိုနှိုးရမည်​ဖြစ်​​သော​ကြောင့်​ လင်းသစ်​ပါးပြင်​​လေးကိုဖွဖွကလေးဖိနမ်းလိုက်​သည်။ပါးပေါ်သို့ကျရောက်လာသည့်ပူ​နွေး​နွေးနှုတ်​ခမ်းတစ်​စုံ​ကြောင့်​ လင်းသစ်​ ချက်​ချင်းပင်​နိုးလာ၏။

'ထ​တော့​လေ...။ အိပ်ပုတ်လေး..​ကျောင်းသွားရမယ်​...။'

'အင်း...'

သက္ကရာဇ်​ လက်​များက လင်းသစ်​၏မျက်​နှာကိုညင်​သာစွာထိ​တွေ့ရင်း​ နှုတ်​ခမ်းစွန်း​​လေးကို ​ထိရုံနမ်းလိုက်​သည်။

'သစ်​...ငါမင်းကိုချစ်​တယ်​...'

သစ်ကဘာမှပြန်မပြော ပြုံးသာပြလေသည်။ သူ့အတွက်တော့ နာကျင်စရာအပြုံးဖြစ်၏။ သူ့ဘက်ကချစ်ကြောင်းပြောလိုက်တိုင်းမှာ တုန့်ပြန်စကားတစ်ခုခုအစား ရောက်ရှိလာတတ်သည့် နာကျင်ဖွယ်အပြုံး...။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now