Ep 44

8.5K 572 19
                                    

Zawgyi

Ep 44

အခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် သက္ကရင်ထဲ တလှပ်လှပ်နှင့် လှုပ်ခတ်နေသည်။ သစ် ကအပြစ်ပြောပြီး နောက်တစ်ခါနှင်ထုတ်လေမလားဟု တွေးလိုက်မိသည့်အခါ အိမ်ထဲဝင်ရန်တုန့်ဆိုင်းမိ၏။

အိမ်ထဲဝင်လိုက်သည့်အခါ ဧည့်ခန်းထဲတွင် သစ်ကိုမတွေ့ရ။ အခန်းထဲသို့လှမ်းကြည့်လိုက်သောအခါ

'သစ်​.......'

မြင်​လိုက်​ရ​သော မြင်​ကွင်း​ကြောင့်​ သက္ကကျယ်လောင်စွာအော်ကာ အခန်းထဲပြေးဝင်သွားသည်။ ထို့နောက်

လက်​ထဲတွင်​ ​ဆေးများ အပြည့်​ထည့်​ထားသည့် သစ်​လက်​ကို ပုတ်​ချလိုက်​ရာ ဘယ်​နှလုံးမှန်းမသိ​သော​ဆေးများအားလုံး ကြမ်းပြင်​တွင်​ပြန့်​ကျဲသွား၏။

'မင်းဒါဘာလုပ်​တာလဲ သစ်​....။'

ရင်ထဲမှ လှိုက်တက်လာသော စိုးရိမ်ထိတ်လန့်မှုက သက္က၏လည်ပင်းတွင်တစ်ဆို့နေသည်။

'ငါ့ကိုပြန်​​ပေး...သက္က.....'

သက္ကက သစ်၏လက်နှစ်ဖက်ကိုချုပ်ထားလိုက်သည်။ ကြမ်းပေါ်ပြန့်ကျဲသွားသည့် ဆေးပြားများကို ပြန်ကောက်ရန်ကြိုးစားနေသည့် သစ်ကိုကြည့်ရင်း သူက အရူးတစ်ယောက်လိုအော်လိုက်မိသည်။

'မင်းရူး​နေလား ဟမ် သစ်။ မင်းဒါဘာလုပ်​တာလဲလို့...'

သစ်က သူ့ကို သူစိမ်းတစ်ယောက်လို မျက်လုံးမျိုးနှင့်ကြည့်ကာပြောသည်။ သစ်စကားသံသည် အေးစက်သည်။ သစ် အကြည့်များသည် ကြောက်စရာကောင်း၏။

'ငါ...​သေမလို့....'

'ဘာ ....။ မင်းဘာပြောတယ်။ မင်း...မင်းရူး​နေပြီလား...သစ်​...'

'ဟုတ်​တယ်​....ငါရူး​နေပြီ....။ ငါ့ကို..​ဆေး​တွေပြန်​​ပေး....။ ငါလုပ်နေတဲ့အရာကို မင်းဝင်မရှုပ်နဲ့သက္က။'

သစ်က ငိုနေရင်းဆေးပြားများကို လိုက်ကောက်နေသည်။

'သစ်​...​တော်​​တော့....သစ်​.....မင်းငါ့ကိုရူးပြီး​​သေ​အောင်​လုပ်​​နေတာလား...'

'လင်းသစ်​.......'

တားမရသည့်​အဆုံး သက္က​ အသံကုန်​ခြစ်​​အော်​လိုက်မိ​ပြီး ရုန်းကန်နေသည့် သစ်ကို ဆွဲပွေ့၍

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now