Ep 11

11.7K 936 10
                                    

Zawgyi

Ep 11

'သစ်​ နိုးပြီလား...'

'သက္က..။ မင်းဘယ်​တုန်းကပြန်​ရောက်နေ​တာလဲ...'

'ည​နေကပဲရောက်တာ...။ ငါဟိုမှာကိစ္စတွေပြီးတာနဲ့ချက်ချင်းပြန်လာခဲ့တာ။ '

သက္က က လင်းသစ်​ ဆီလျောက်သွားကာ လင်းသစ်​၏ခေါင်း​လေးကိုကိုင်​ပြီး နဖူးကို တစ်​ချက်​နမ်းလိုက်​သည်။ 

ထို့​နောက်​ လင်းသစ်​ ကိုရင်​ခွင်​ထဲမြုပ်​​နေ​အောင်​ဖက်​လိုက်​ကာ

'ငါမင်းကိုအရမ်းလွမ်း​နေတာ...သစ်​ရာ....'

'အင်း...အဲ့ဒါကြောင့်မင်းအမြန်ပြန်လာတာမလား။ '

'ဟုတ်တယ်ကွ။ ပိုတယ်လို့ပြောချင်လည်းပြောကွာ။ ငါလေ အဲ့မှာနေနေရတဲ့တစ်လျောက်လုံး မင်းကိုမတွေ့ရလို့လား

မသိဘူး။ နေရထိုင်ရဘယ်လိုမှအဆင်မပြေဘူး။ အဲ့ဒါနဲ့ပဲ ငါပြန်လို့ဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကို ပြန်ချလာခဲ့တာ သိလား။ ဒါနဲ့..သစ်​...အသက်​​ရော....။ အသက်​ဘယ်​မှာလဲ..အခန်းထဲမှာလည်း သူ့အဝတ်​အစား ​တွေမရှိ​တော့ဘူး...။ သူအိမ်က ထွက်​သွားတာလား...ဘာဖြစ်​ကြတာလဲ...'

မျက်ဝန်းအိမ်တွင် ဝဲတက်​လာ​သောမျက်​ရည်​ကို သက္က မမြင်​​အောင်​မျက်​နှာလွှဲလိုက်​ကာ ​ရေတစ်​ခွက်​ငှဲ့သောက်​ပြီးမှ

'ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီလိုပဲ...။ စကားနည်းနည်းများတာကို...သူ့ဘာသာထွက်​သွားတာ...'

'သစ်​ရာ...ဒါဆို..အခု..အသက်​ဘယ်​မှာလဲ သိလား..'

'ဘယ်​သိမလဲ..သူဘယ်သွားမယ်ဆိုတာပြောသွားတာမှမဟုတ်တာ။'

'ဟာ..ခက်တာပါပဲ။ အခုသူ့ကို...ဖုန်းဆက်​လို့လည်းမရဘူး...။ ဖုန်းကိုလုံးဝပိတ်ထားတယ် ထင်တယ်။'

'ငါ​ရေသွားချိုးလိုက်​ဦးမယ်​...'

'သြော် ..အင်း...သစ်​...မြန်​မြန်​ချိုး​နော်​...။ ညနေစောင်းနေပြီဆိုတတော့ အခန့်မသင့်ရင်ဖျားနေမယ်..။'

ရေပန်းမှထွက်​လာ​သော ​အေးစက်​​စက်ရေများသည် ကျွန်​​တော့်​နဖူးပေါ်မှတစ်ဆင့် မျက်​ရည်​များနှင့် ​ရော​လို့သွားသည်။ ရေသံများဆူညံနေသောကြောင့် ကျွန်တော့်ငိုရှိုက်သံများကိုတော့ သက္ကကြားနိုင်လောက်မည်မထင်ပါ။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now