Ep 40

8.6K 646 5
                                    

Zawgyi

Ep 40

သက်​တန့်​ သည်ကားကလေးကို အိမ်​သို့ပြန်​​မောင်းလာခဲ့ပြီး တစ်​လမ်းလုံးလည်း သစ်​ နှင့်​ စကားမပြောမိပေ။ တိတ်ဆိတ်နေသော သစ်၏မျက်နှာကလေးကိုသာ အရိပ်တကြည့်ကြည့် ကြည့်နေခဲ့သည်။ကားပါကင်​ထဲသို့​ရောက်​လာ

သည့်တိုင် နှစ်​​ယောက်​လုံးမဆင်းမိဘဲ အ​တွေးများထဲ စီး​မြော​နေမိကြသည်။

'သစ်​.....ဆင်းရ​အောင်​​လေ...'

သစ်​ အားတံခါးဖွင့်​​​ပေးပြီးနောက် သစ်၏​ လက်​က​လေးကိုကိုင်​ကာ အခန်းဆီ တက်​လာခဲ့သည်။ အခန်းထဲရောက်သောအခါ သစ်ကို ထိုင်စေလိုက်ပြီးသူက သစ်၏အရှေ့တွင် ဒူးထောက်ကာထိုင်လိုက်သည်။

'သစ်​.....'

သက်​တန့်​ သည် သစ်​လက်​က​လေးများကို အ​သေအချာ ဆုပ်​ကိုင်​ထားပြီး​ ထိုလက်​​ချောင်းသွယ်​​လေးများ ကိုငုံ့နမ်းလိုက်​သည်။ သူမြတ်နိုးတန်ဖိုးထားရသော ဒီကောင်ကလေးကို တစ်ယောက်တည်းထားခဲ့ရတော့မည်ဟူသော

အတွေးများက သူ့နှလုံးသားကို လွန်စွာ နာကျင်စေလေသည်။ ဖြစ်နိုင်လျှင်ဘာကိုမှ မစဉ်းစားဘဲ သစ်လက်ကိုတွဲ၍ ဘယ်သူမှမသိသည့်နေရာဆီသို့ ထွက်ပြေးသွားချင်မိသည်။

သစ်မျက်လုံးများနှင့်ဆုံအောင်ကြည့်လိုက်သည့်အခါ မျက်လုံးအိမ်တဝိုက်တွင် ဝေ့ဝဲနေသည့်မျက်ရည်ဥတို့ကို သက်တန့်တွေ့လိုက်ရ၏။

'သစ်​...ငါ​ပြောတာကို​သေချာနား​ထောင်​ပါ...'

သက်တန့်နှုတ်ဖျားမှ ထွက်ပေါ်လာမည့်စကားကို သစ်နားမထောင်ဝံ့သောကြောင့် မျက်နှာလွှဲလိုက်သည်။

'သစ်​....'

'နှုတ်မဆက်​နဲ့...သက်​တန့်​...။ ငါ​ကြောက်​တယ်​...။ ပြီး အဲဒီလိုနှုတ်ဆတ်နေတာမျိုးကိုလည်း မုန်းတယ်။'

လင်းသစ်​ ​လေသံမှာ တိုးညင်းလွန်းပြီး အသံထွက်​ရုံမျှသာဖြစ်​သည်။

'သစ်​ရာ....'

သက်​တန့်​ သည် သစ်၏​ ​မေးဖျား​လေးကို ညင်​သာစွာ ကိုင်​ပြီး ​ နှုတ်​ခမ်းလေးအား မြတ်​မြတ်​နိုးနိုးဖြင့်​ ထိရုံမျှနမ်းလိုက်​သည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now