Ep 22

9.6K 785 15
                                    

Zawgyi

Ep 22

ညနေခင်းက နေမင်းကိုဖြည်းညင်းစွာတိုက်စားလိုက်သောအခါ ဝန်းကျင်တစ်ခုလုံး တရေးရေးမှောင်လာသည်။ သက္ကတို့ကားကလေးသည်လည်း တရွေ့ရွေ့နှင့် ခရေပင်လမ်းခွဲအနီးသို့ပင်ရောက်လာ၏။ သက္ကရာဇ်​ မှာ

ကားကိုအရှိန်​ဘယ်​​လောက်​မှန်းမသိ တင်​ကာ​မောင်း​နေရင်း မျက်ရည်များသာကျနေမိသည်။ ရင်တစ်ခုလုံးမှာ သံမှိုများနှင့်အစိုက်ခံထားရသလို နာကျင်နေ၏။

'ကိုသက်​...'

အသံသဲ့သဲ့ကလေးနှင့် ခေါ်မိသူမှာ မဟော်ဖြစ်သည်။ ယခုကဲ့သို့ သက္ကခံစားနေရသည်များကို သူမကြည့်ရက်နိုင်ပေ။ သို့သော် သူလုပ်ပေးနိုင်သည်မှာ လည်းဘာမှမရှိသောကြောင့် သူ့ရင်ထဲတွင်လည်းဝမ်းနည်းရသည်။ ဖြစ်နိုင်လျှင် သက္ကရင်ထဲမှ နာကျင်မှုများကို သူသာလွှဲယူလိုက်ချင်တော့သည်။

 သက္ကရာဇ်​ အချိန်​အတန်​ကြာသတိလက်​လွတ်​​မောင်းလာပြီးမှ ဒဏ်​ရာရ​နေ​သော မ​ဟော့်​ ကိုသတိရသည်။

ဘေးဘီကိုကြည့်​လိုက်​​တော့ သူတို့ရောက်နေသည့်နေရာတဝိုက်တွင် သစ်​ပင်​များသာရှိ၏။ သက္က ကားကိုလမ်းဘေးတစ်နေရာတွင်ရပ်လိုက်ပြီး

'Sorry မ​ဟော်​...ငါ..ငါ.'

မ​ဟော်​ က ပြုံးတုံ့တုံ့နှင့် တစ်​ချက်​ရယ်လိုက်သည်။

'ကားကိုရပ်​​သေးတယ်​နော်​...။ ကျွန်​​တော်​က ကိုသက်​ ကျွန်​​တော့်​ ကိုပြန်​​ပေးဆွဲ​နေပြီထင်​​နေတာ..။'

သက္ကရာဇ်​ စိတ်​​ပြောင်း​သွား​အောင်​ မ​ဟော်​ ​ရွှတ်​​နောက်​​နောက်​​ပြောကြည့်​​သော်​လည်း သက္ကရာဇ်​ မျက်​နှာမှာ အလွန်အမင်းညိုးငယ်နေဆဲပင်ဖြစ်သည်။

'မင်းသက်​သာရဲ့လား...ငါ​ဆေးခန်းပို့​ပေးမယ်​...။'

'ရပါတယ်​ဗျာ...ကျွန်​​တော်​ဘာမှမဖြစ်​ဘူး...'

'ရရဲ့လား...ခုနက...'

'အင်း...ခုနက​တော့ ​တော်​​တော်​​လေးနာသွားတာ....။ အခုဘာမှမဖြစ်​​တော့ဘူး...။'

မဟော်က ဘာမှမဖြစ်ဘူးဆိုသောကြောင့် သက္ကစိတ်ထဲအပူတစ်ခုတော့လျော့သွားသည်။ မဟော်သာသူ့ကိစ္စကြောင့် ကြားညှပ်ပါပြီး တစ်ခုခုဖြစ်ခဲ့မည်ဆိုပါက သူစိတ်မကောင်းဖြစ်ရပေဦးမည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now