Ep 52

14.5K 683 24
                                    

Zawgyi

Ep 52

မျှော်​လင့်​ထားသည်​ထက်​ဆိုးရွား​သောမြင်​ကွင်းကို​တွေ့လိုက်​ရ​သော​ကြောင့်​ သစ်​ ကား​ပေါ်မှအ​ပြေးအလွှားဆင်းကာ သက္ကရာဇ်​ ဆီ​ပြေးသွားမိသည်။

ပိန်​လိန်​သွား​သော ကား​ခေါင်း။ ကွဲ​နေ​သော မှန်​စများ။ မြေပြင်ပေါ်တွင်လဲကျနေသည့် မ​ဟော်​ နှင့်​ သက္ကရာဇ်။ မ​ဟော့်​ ရင်​ဘတ်​​ပေါ်တွင်​ မျက်​နှာအပ်​ကာ ငြိမ်​သက်​​နေ​သော သက္ကရာဇ်။

'သက္က....သက္က....'

ရင်ထဲမှလှိုက်​တက်​လာ​သော ဝမ်းနည်းမှုက လည်ချောင်းဝတွင်ဆို့ကာ သစ်သည် မျက်​ရည်​များလည်းတလိမ့်​လိမ့်​ဆင်းလာသည်။

သက္က​ ကို ရင်​ခွင်​ထဲ​ပွေ့ကာ လှုပ်​နှိုး​နေမိသည်​။ သက္က ​ခေါင်းမှ​သွေးများမှာလည်း လင်းသစ်​ လက်​တစ်​ခုလုံး ပေကျံသွားသည်။

'သက္က....သက္က....'

လင်းသစ်​ သက္က​ ​ခေါင်းကိုတင်းကြပ်​စွာ​ ပွေ့ဖက်​ထားပြီး ငို​နေမိသည်​။ ထို့​နောက်​ သက္က​ ရင်​ဘတ်​ကို ကပ်​ကာ နား​ထောင်​ကြည့်​​တော့ နလုံးခုန်​​နေ​သေးသည်။ မျက်​စိ​ရှေ့ရှိ မ​ဟော့်​ ကိုကြည့်လိုက်တော့ ပို၍​သွေးပျက်​စရာ​ကောင်း​နေသည်။

'သက္က....မင်းမ​သေပါနဲ့...သက္က...'

သက္ကရာဇ်​ ​ချောင်းတစ်​ချက်​ဆိုးကာ အနည်းငယ်​ လွန့်​လူးလာသည်။ 

'သက္က....မင်းသတိရလာပြီလား....။ ငါ...ငါ...​ဆေးရုံကား​ခေါ်လိုက်​မှာမို့ ခဏ....​တောင့်​ထားနော်​.....သက္က...မင်းလုံးဝ....လုံးဝ...မျက်​လုံးထပ်​မပိတ်​ရဘူး​နော်​....'

နားထဲကြားလိုက်​ရ​သော လင်းသစ်​ အသံသဲ့သဲ့ ​ကြောင့်​ အားယူကာ မျက်​လုံးဖွင့်​လိုက်​​တော့ အမှန်​ပင်​ လင်းသစ်​ ရှိ​နေသည်။

သက္ကရာဇ်​ အားယူကာ လင်းသစ်​ မျက်​နှာ​လေးကို ကိုင်​လိုက်​၏။ စုတ်​ပြတ်​​နေ​သော အ​ရေပြားမှ ​သွေးများစီးကျလာသည်။ ထို​သွေးများက လင်းသစ်​ ကိုထပ်ငိုစေ၏။ ချောင်းဆိုးလိုက်​​သော အချက်​တိုင်းတွင်​ ပါးစပ်​မှ​သွေးများထွက်​လာသည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now