Ep 51

10.8K 698 51
                                    

Zawgyi

Ep 51

'ငါ.....ငါမင်းကို...ပြန်​​လျော်​​ပေးမယ်​...အသက်​...'

ထိုသို့ပြောကာ ပြေးထွက်သွားသော သက္ကနောက်ကို မဟော်ပြေးလိုက်သည်။

'ကိုသက်​.......ကိုသက်​....'

ပြေးထွက်​လာ​သော သက္ကရာဇ်​ ​နောက်​သို့မ​ဟော်​လိုက်​လာရင်း သက္ကရာဇ်​ နာမည်​ကိုသာအကြိမ်​​ပေါင်းများစွာ​ခေါ်​နေမိသည်။ သက္ကကားထဲဝင်ထိုင်သည်ကို မြင်လိုက်သောအခါ သူလည်း အပြေးအလွှားလိုက်ဝင်၏။

ကားထဲဝင်​ထိုင်​လိုက်​​သော သက္ကသည်မျက်​ရည်​များကို သုတ်​​နေသော်လည်း ထိုမျက်ရည်များက တားမရ​ပေ။ ကားသော့ကို လှည့်ဖွင့်နေသော လက်များက တုန်ရီ၏။

'မင်းဆင်း​တော့....မ​ဟော်​....'

'ဘယ်​သွားမှာလဲ....ကျွန်​​တော်​လဲလိုက်​မယ်​....'

'မင်းကိုဆင်းလို့​ပြော​နေတယ်​.....'

အသံကုန်​​အော်​​နေ​သော သက္ကရာဇ်​ ကို မ​ဟော်​ မနာခံနိုင်။

'မဆင်းဘူး......။ ကိုသက်​ ဘယ်​သွားသွား...ကျွန်​​တော်​လိုက်​မယ်​....'

ရုတ်တရက် ငြိမ်သက်သွားသော သက္ကသည် ကားလမ်းမကိုကြည့်​နေသည်။ သူ့စကားသံက အေးစက်နေ၏။

'​အေး....ငါအခု သွား​သေမလို့.....။ မင်းလိုက်​မှာလား.....။'

'ဟင်​....ကိုသက်​....။ ကိုသက် ဘာပြောတယ်။'

'အဲဒါကြောင့် မင်းဆင်း​တော့...​....။'

သက္ကကို တစ်ယောက်တည်းမလွှတ်လိုက်နိုင်သော မဟော်က ခေါင်းခါလိုက်သည်။ ထိုအခါ သက္ကက ကားကို ခပ်ကြမ်းကြမ်းမောင်းထွက်လာတော့သည်။ အရှိန်ပြင်းစွာ တင်ကာမောင်းထွက်သွားသော ကားကလေးသည် ဆေးရုံဝန်းအတွင်းမှ တစ်ခဏအတွင်းပျောက်ကွယ်သွားတော့သည်။

v

'သစ်​.....။ မင်းဘယ်​သွားမလို့လဲ...'

'ငါ..ငါ...သက္က ​နောက်​ကိုလိုက်​သွားမှဖြစ်​မယ်​...။'

သစ်က အသံတုန်ရီစွာဖြင့်ပြောသည်။ ​ပြေးထွက်​သွား​သော သက္ကရာဇ်​ ကိုကြည့်​ရင်း သူ့ရင်ထဲ လွန်စွာ လေးလံလာသည်။ သက္က နှင့်အတူတူအကြာကြီးနေလာသူမို့ သက္က တစ်ခုခုလုပ်တော့မည်ကို စိတ်ထဲက သိနေသည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now