Ep 10

12.3K 969 23
                                    

Zawgyi

Ep 10

ကျွန်တော်​ ပြန်​နိုးလာ​တော့ နံဘေးတွင်သက်​တန့်​မရှိ​တော့ပေ။ ကျွန်တော့် လက်​ဖဝါးထဲတွင်​တော့ လေးချိုးချိုးကာထည့်ထားသော စာတစ်စောင်ရှိသည်။ အခြားဘာအပိုအလိုမှမရှိ 'ငါပြန်​နှင့်​ပြီ....' ဟုသာရေးထားသည်။ သူပြန်သွားပြီပဲ။

နာရီကိုကြည့်​လိုက်​​တော့ မနက်​ငါးနာရီခွဲ။ သက်​တန့်​ ထွက်​သွားသည်​မှာသိပ်​ကြာ​သေးဟန်​မတူပါ။ ကျွန်တော် ဖုန်းဆက်ကြည့်ေ​​တော့လည်း သူမကိုင်။ သက်​တန့်​ ဘာ​ကြောင့်​ တစ်​​ယောက်​တည်းပြန်​သွားလည်းဆိုတာကို စဉ်းစားလို့မရပါ။ အမှန်​ဆို သူကျွန်​​တော့်​အား​စောင့်​သင့်​သည်။ သက္က နှင့်​ပထမဆုံး အတူ​နေခဲ့စဉ်​ကဆို မနက်နိုးလာချိန်​တွင်​ သက္ကမှာ အရူးတစ်​​ယောက်​လို​ပျော်​ရွင်​​နေခဲ့သည်။ သက်​တန့်​ က​တော့ ထိုသို့မဟုတ်။ ​ဘာပဲဖြစ်​ဖြစ်​ ကျွန်​​တော်​ သက်​တန့်​ ကိုအပြစ်​မတင်​ပါ သက္က သာဆို ပြသနာ ရှာမိမည်​ဖြစ်​​သော်​လည်းသက်​တန့်​ ကို​တော့ ရင်​ထဲကပင်​ အပြစ်​တင်​လိုစိတ်​မရှိ ခွင့်​လွှတ်​ပြီးသားဖြစ်​​နေသည်​။ ကျွန်တော်ကိုယ်ကလည်း ထူးဆန်းသည်။

လင်းသစ်​ သက်​တန့်​ ကို​တွေ့သည်​နှင့်​ သက်​တန့်​ လက်​ထဲမှ luggage ကိုဆွဲကာ အားကုန်​သုံးပြီး ​ဘေးသို့ပစ်​လိုက်​သည်

'ဒါ ဘာလုပ်​တာလဲ သက်​တန့်​...'

သက်​တန့်​ ကဘာမှမ​ပြောပဲ အိတ်​ကိုသွားပြန်​​ကောက်​သည်။ သူ့ပုံစံကငြိမ်သက်လွန်းသည်။ 

'သက်​တန့်​....'

'သစ်​.....ငါသွား​တော့မယ်​...'

'ဘယ်​ကိုလဲ....။ ဘယ်ကိုသွားမှာလဲ။'

'ငါ...ငါ..ဒီမှာဆက်​မ​နေသင့်​​တော့ဘူး...'

လင်းသစ်​ သည်သက်​တန့်​ ကို​ပြေးဖက်​လိုက်​ကာ

'ဟင့်အင်း။ မရဘူး...မင်းမသွားရဘူး....'

မိမိကိုယ်​တင်းကျပ်​စွာဖက်​ထား​သော လင်းသစ်​ ကိုသက်​တန့်​ ခပ်​ဖွဖွပြန်​ဖက်လိုက်​ကာ

'သစ်​...မ​နေ့ညက ငါတို့လုပ်​ခဲ့တာကငါ​ပေးနိုင်​တာအကုန်​ပဲ...။ ဒါကိုမင်းသိပါတယ်​...။ ငါတို့အဲ့ဒီလိုမလုပ်သင့်ဘူး

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now