Ep 14

10.3K 840 8
                                    

Zawgyi

Ep 14

'သက္က...​နောက်​မှာ ကားတစ်​စီး...'

သက်​တန့်​ စကား ​ကြောင့်​ သက္က လှည့်​ကြည့်​လိုက်​​လေရာ အ​နောက်​မှ မ​ဟော့်​ကား က ကားများကို​ကျော်​တတ်​ပြီး သူတို့ကားကိုမှီအောင် လိုက်​လာသည်​ကို​တွေ့လိုက်​ရသည်။ ထိုကားသည်အနီရောင်ကိုမြင်၍ပြေးလာသော

ကျွဲတစ်ကောင်လို အရှိန်အဟုန်ဖြင့်လိုက်လာခြင်းဖြစ်၏။

'အဲ့ဒါ ဟို​ကောင်​​လေးလား...'

'အေး...။ ဟုတ်တယ်ထင်တယ်။'

'သတိထားဦး သက္က...'

ကားကိုသတိထားပြီး​မောင်း​​နေရင်းနဲ့ ပင်​ မ​ဟော့်​ကားက​ကျော်​တတ်​လာကာ ရုတ်​တရက်​ သက္က တို့ကား ​ရှေ့တွင်​ ထိုးရပ်​လိုက်​သည်။ ဘရိတ်​ကို​ဆောင့်​အုပ်​လိုက်​ရ​သော​ကြောင့်​ သက္ကရော သက်​တန့်​ ပါ ဟန်​ချက်​လွဲသွားရသည်။ ကံ​ကောင်း၍ လူ​ရောကား​ရောမထိ။

'​တောက်​.....'

သက္ကတောက်ခေါက်ကာပေါက်ကွဲစွာဖြင့်ကားပေါ်က ဆင်းသွားသည်။ စိတ်တွေလည်းတိုနေပြီဖြစ်၏။

'မင်းရူး​နေလား...ခန့်​မ​ဟော်​...'

မ​ဟော်​က သူဘာမှမလုပ်ခဲ့သလို ​အေး​အေးဆေးဆေးပင် ​ကားထဲမှထွက်​လာလေသည်။ ကားတံခါးကို ဒုန်းခနဲပိတ်လိုက်ပြီး ကားသော့ကိုလက်ညှိုးပေါ်တွင် တင်၍လှည့်နေသည်။ သူ့ကိုတစ်ယောက်တည်း ထားခဲ့၍ မကျေနပ်သော အရိပ်အယောင်များက သူ့မျက်နှာတွင်အထင်းသားပေါ်လွင်လျက်ရှိသည်။ နောက်ဝိုင်းဝန်းမည်းနက်သော သူ့မျက်လုံးမျာဖြင့် သက္ကမျက်နှာကိုခပ်စူးစူးကြည့်နေ၏။

'ကျွန်​​တော်​ ​ပြောသားပဲ...ကျွန်​​တော့်​ ကိုမ​ခေါ်ရင်​ ကားနဲ့လိုက်​တိုက်​မှာလို့...'

'မင်း...'

မဟော့်၏ မထီမဲ့မြင်ပုံစံကြောင့် သက္ကပို၍စိတ်တိုလာသည်။ သူ့ဘက်ကတတ်နိုင်သမျှ ချော့တစ်ခါခြောက်တစ်လှည့် ရှင်းပြပြောဆိုခဲ့သော်လည်း သူပြောခဲ့သောစကားများသည် မဟော့်နားထဲသို့ဝင်သွားခဲ့ဟန်မတူ။ မဟော်ခေါင်းမာအကြောတင်းနေသည်မှာ ဒုံရင်းအတိုင်းသာဖြစ်သည်။ ဒီထက်ပိုပြီးပြောရဦးမည်ဆိုလျှလည်း ဆွဲထိုးရန်သာရှိတော့သည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now