Ep 13

10.3K 889 7
                                    

Zawgyi

Ep 13

ထို့နောက် ကားကတဖြည်းဖြည်းနှင့် ပန်းလှိုင်ဆေးရုံဆီသို့ဦးတည်လာရာ

'ဟင်​...ကိုသက်​ ​ဆေးရုံကို ဘာဖြစ်​လို့လာတာလဲ..'

'မင်းမရှည်​ပါနဲ့...မင်းလိုက်​ပို့ရရင်ပဲကျေနပ်ပါပြီလို့ပြောခဲ့တယ်မလား..အခုပြီးပြီ...ပြန်​​တော့...'

သက္ကရာဇ်​ သည်ကားပေါ်ကဆင်းသည်နှင့် အပြတ်​ပြောပြီး ခပ်​သုတ်​သုတ်​ ထွက်​သွားလေသည်။ တစ်ယောက်တည်းကျန်ခဲ့သော မဟော်ကတော့ သောက်နေသောဆေးလိပ်ကိုစိတ်တိုစွာဖြင့် ခြေမွပစ်လိုက်သည်။

Reception တွင်​​မေးမြန်း​နေ​သော ကိုသက်​ ကိုကြည့်​ကာ ကျွန်​​တော်​ မပြုံးမိပဲ မ​နေနိုင်။ ကိုသက်​ မှာ

အလွန်​စမတ်​ကျသည်။ ​ချော​မောသည်​ထက်​ပိုကာ ဆွဲ​ဆောင်​မှုရှိသည်။ ကိုသက်၏အစိတ်အပိုင်းတိုင်းသည် နှစ်သက်မြတ်နိုးဖွယ်ဖြစ်သည်။ ယခင်​က ကျွန်​​တော်​ Gay ဆိုကြည့်​မရခဲ့ သော်လည်း ကိုသက်​နဲ့​တွေ့မှ ခံယူချက်​​တွေအားလုံး​မြောင်းထဲ​ရောက်​ကုန်​သည်။ ကိုသက်​ ကို မဖြစ်​မ​နေပိုင်ဆိုင်ရမည်ဟူသော စိတ်မျိုးတော့မရှိပါ။ သို့​သော်​ ကိုသက်​ အနားမှာ​တော့ ​နေရမှဖြစ်​မည်။ ယခင်​က ဆံပင်​ ကို အ​ရောင်​မျိုးစုံ​အောင်​ဆိုး​သော ကျွန်​​တော်​.. ကိုသက်​ကို​တွေ့မှ ကိုသက်၏​ ဆံပင်​ အနက်​ များကိုသ​ဘောကျကာ ဆံပင်​ကိုအနက်​ ပြန်​ဆိုးမိသည်။ ကိုသက်​ မကြိုက်​​လောက်​​သော အဝတ်​အစားများကိုလည်း အလိုလိုမဝတ်ြဖစ်​​တော့။

သို့​သော်​ ကျွန်​​တော်ကအခုလို​ ​သေ​လောက်​​အောင်​ကြိုးစား​နေပါလျက်​ ကိုသက်​ထံမှ စကား​ကောင်း​ကောင်း​တောင်​အ​ပြောမခံရ။ ကိုသက်မှာ ကျွန်တော့်ကိုခွေးလေခွေးလွင့် တစ်ကောင်လိုသာ သဘောထားဟန်တူသည်။ ကံတရားကမရက်​စက်။ ကိုသက်​ ကရက်​စက်​​နေသည်

ကျွန်​​တော်​ ကိုသက်​​နောက်​သို့လိုက်​သွားရာ ကိုသက်က အခန်းတစ်​ခန်းထဲမှထွက်​လာ​သော လူတစ်​​ယောက်​ဆီကိုသက်​​ပြေးသွားသည်။ ကျွန်​​တော်​လည်းထပ်​ကြပ်​မခွာ လိုက်မိ​သည်။ ကိုသက်​ အနားမှရှိသမျှအရာ ကျွန်​​တော်​သိရမှဖြစ်လိမ့်မည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now