Ep 50

10.4K 656 43
                                    

Zawgyi

Ep 50

ထိုမြင်​ကွင်းကို တံခါးအပြင်​မှကြည့်​​နေ​သော သက္ကသည် တံခါးကိုဖွင့်​ရန်​ ပိုပြီးတွန့်​ဆုတ်​သွားသည်။ တံခါးကိုကိုင်ထားသော လက်များမှ အေးစက်တုန်ရီနေသည်။ ရင်များက တဒုန်ဒုန်းခုန်နေ၏။ သစ်​ ကို​တောင်​ ​အပြစ်တင်ပြောဆိုကာ အော်ဟစ်နေသော သက်​တန့်​ မှာ မိမိကိုဆို ဘယ်​လို ပုံစံမျိုးနဲ့ ဆက်​ဆံမလဲ ဆက်မ​တွေးရဲ။

မိမိကို အထင်လွဲသွားသော သစ်ကိုရှင်းပြရန်လိုက်လာခဲ့သော်လည်း သက်​တန့်​ ပေါက်ကွဲနေပုံကိုမြင်လိုက်သည့်အခါအခန်းထဲသို့ပင် မဝင်ရဲလောက်အောင် ထိတ်လန့်နေမိသည်။ မွေးထားခဲ့သည့် သတ္တိများအားလုံး ပျောက်ဆုံးသွားသည်။

'ကိုသက်​.....'

မဟော်က ခပ်တိုးတိုးခေါ်လိုက်ရင် သက္ကလက်တစ်ဖက်ကိုဆုပ်ကိုင်ပေးထားသည်။ သူသည် သက္ကမျက်နှာကို သေချာကြည့်နေ၏။

'ကိုသက်​....မဝင်​ချင်​ရင်​....မဝင်​နဲ့​တော့​လေ....။'

သက္ကက သူ့စကားကို နားထောင်နေရင်း ခေါင်းကိုငုံ့ထား၏။ သက္ကရင်ထဲတွင် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို မဟော်သိသည်။

'ကျွန်တော်ပြောမယ် ကိုသက်​....။ ဘာ​တွေပဲဖြစ်​လာ ဖြစ်လာ ကျွန်​​တော်​ ကိုသက်​ဘက်​မှာရှိတယ်​။ ကိုသက်ရဲ့ဘေးမှာ အမြဲတမ်းကျွန်တော်ရှိနေမယ်ဆိုတာကို ကိုသက်သိထားပါ။ ကိုသက် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျွန်တော်ဘာကိုမှ ဂရုမစိုက်ပဲ ကိုသက်ဘေးမှပဲ ရှိနေမှာ..။ ဒါပေမယ့် ဒီကိစ္စမှာ လည်းကိုသက်မှားခဲ့တာမဟုတ်ဘူးနော်။ ဒါကြောင့် ကိုသက် ကိုယ့်ကိုယ်ကို အရမ်းအပြစ်မတင်ပါနဲ့။။ ကျွန်တော်တို့ဘက်က စီစဉ်ထားခဲ့တာတွေရှိတယ်ဆိုပေမယ့် ဒီကိစ္စကြီးက သူတို့ကားက စက်ချို့ယွင်းနေလို့ဖြစ်သွားရတာ။'

မဟော်သည် သက္ကကိုယ့်ကိုယ်ကို အပြစ်တင်နေသည်ကို သိသောကြောင့် သက္ကစိတ်ပြေအောင် ပြောဆိုမိသည်။ သို့သော်လည်း သက္ကက

'​တော်​​တော့...မ​ဟော်​။ တော်​ပါ​တော့..ကွာ....မင်းဆက်မပြောပါနဲ့တော့။'

Crossfire Of Clover (Myanmar BL OC )[Complete]Tempat cerita menjadi hidup. Temukan sekarang