Ep 21

9.6K 796 68
                                    

Zawgyi

Ep 21

'ကိုသက်​....ကျွန်​​တော်​​ညောင်းလာပြီ...'

ကားပါကင်ထဲတွင် နှစ်နာရီကျော်လောက်ရပ်နေရသည်မှာ ညောင်းလွန်း၍ မဟော်ကညည်းညူလိုက်သည်။

'ဒါဆိုလဲ ပြန်​​တော့...။'

'ဟာ...မပြန်​ပါဘူး..မပြန်ဘူး။ '

'​ညောင်းတယ်​ဆို...'

'ဟုတ်တယ်လေ။ ဒါ​ပေမဲ့ ကိုသက်​ပဲ ကျွန်​​တော့်​ကို​ခေါ်ထားတာ​လေ..။ အခု ဒီမှာပဲရပ်​​နေတာ နှစ်​နာရီရှိပြီသိလား..'

မဟော်ကအထွန့်တက်ကာ ပြောဆိုလိုက်သော်လည်း သက္က က သူ့ကိုဂရုမစိုက်ပဲ ဝင်ပေါက်ကိုသာဆက်၍ကြည့်နေသည်။ သက္က ဘာလို့သူ့ကိုခေါ်လာသလဲဆိုတာ မဟော်အသေအချာမသိ။ ထူးထူးဆန်းဆန်းသူ့ကိုဖုန်းဆက်၍တွေ့ရအောင်ဟု ပြောပြီးသည်နေရာကိုခေါ်လာခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ သက္ကမျက်နှာလေးကို မြင်နေရလည်းအမြတ်ပါပဲဟုတွေးကာ ခြေထောက်များညောင်းလာသည့်တိုင် ဆက်၍နေနေခြင်းဖြစ်သည်။

ထိုစဉ်​ နှစ်​ဦးသား ရပ်​​နေ​သော ကားပါကင်​ သို့ ကားတစ်​စီးဝင်​လာသည်။ ​​မျှော်​လင့်​ထား​သောကားမဟုတ်​၍ သက္ကရာဇ်​ မျက်​နှာပြန်​လွှဲလိုက်​ပြီး ထို​နေရာ တွင်​ပင်​ ​ခေါက်​တုန့်​​ခေါက်​ပြန်​ ​လျောက်​​နေသည်။ သက္ကပုံစံက

တစ်ခုခုကိုစောင့်ဆိုင်းနေခြင်းဖြစ်သည်။

'ကိုသက်​...ဘာကို​စောင့်​​နေတာလဲဗျာ...။ မပင်​ပန်းဘူးလား...။ ကျွန်တော်ကဖြင့်ညောင်းလို့သေတော့မယ်။ ကိုသက်ကဘာမှမဖြစ်တဲ့အတိုင်း...။'

ဘာမှပြန်မပြောပဲ ဝင်ပေါက်ကိုသာကြည့်နေသော သက္ကရာဇ်​ ​ကြောင့်​ မ​​ဟော်​ ကြမ်း​ပေါ်တွင်​သာ​ခြေပစ်​လက်​ပစ်​ထိုင်​ချလိုက်​သည်။

'အား....ဝဋ်​ကြီးလိုက်​တာ​နော်​...။ ကျွန်​​တော်​လည်း..ကိုယ့်ဟာကိုယ်အေးဆေး အိမ်မှာဇိမ်နဲ့နေလို့ရတဲ့ဟာကို ဒီလူကြီးအနားမှာနေချင်တာနဲ့ပဲ ခုလိုဒုက္ခခံနေရတယ်...။ ကိုယ့်ကိုယ်ကိုတောင်သနားလာပြီဗျာ တစ်ကယ်ပဲ။'

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now