Ep 5

14.9K 1.3K 26
                                    

Zawgyi

Ep 5

'လင်း....​သောက်​​နေတာ​တော်​ပါ​တော့....ပုံရိပ်​ ကိုလည်းနည်းနည်းအဖတ်​လုပ်​ဦး....'

ဆိုင်​ထဲ​ရောက်​ကတည်းကအဆတ်​မပြတ်​​သောက်​​နေ​သော လင်းသစ်​ကိုပုံရိပ်​ပိုင်​ စိတ်​မရှည်​ချင်​​တော့ပေ။

'လင်း....ပုံရိပ်​ စိတ်​တိုလာပြီ​နော်​...'

လင်းသစ်သည်​ ပုံရိပ်​ပိုင်​ကိုလှည့်​​တောင်​မကြည့်​ခွက်​ထဲသို့ထပ်​ငှဲ့လိုက်​​သေးသည်​။ သို့သော် လင်းသစ်​ ​နောက်​တစ်​ခွက်​​သောက်​မည်​အလုပ်​တွင်​ ပုံရိပ်​သည်လင်းသစ်​လက်​ကိုလှမ်းဖမ်းလိုက်​ပြီး

'ဒီမှာ ကိုလင်းသစ်​.....'

'​တော်​​တော့ကွာ....မင်းက​တော်​​တော်​စကားများတဲ့မိန်းမပဲ....'

'ရှင်.......'

'သွား။ စကားများမယ်​ဆို မင်းပြန်​​တော့...'

ပုံရိပ်​ပိုင်​ ​ဒေါသထွက်​ထွက်​နှင့်​ ခုံမှဝုန်းခနဲထလိုက်​ကာ

'ပြန်​မှာပါ....ရှင့်​လို အခုတစ်​မျိုး ​တော်​ကြာတစ်​မျိုးဖြစ်​​နေတဲ့ အရူးလိုလူနားမှာ ဒီထက်​ပိုပြီး​မ​နေ​တော့ဘူး...ရှင်​ဟာ​တော်​​တော်​ ရူး​နေတာပဲ လင်းသစ်​...' ဟုအော်၍​ စိတ်​ဆိုးမာန်​ဆိုး ဖြင့်​ဆိုင်​ထဲမှထွက်​သွား​လေသည်​။ ထိုအခါ လင်းသစ်သည်

'ဟုတ်​တယ်​...ငါရူး​နေတာ....ငါရူး​နေပြီ...။ ငါခံစားရလွန်းလို့ ရူး​နေပြီ....ငါ​ကြေကွဲရလွန်းလို့ရူး​နေပြီ..။ ငါတစ်ကယ်ရူးနေပါပြီ။' ဟုမျက်ရည်များကျကာအော်ဟစ်နေမိသည်။

အချစ်​ဆိုသည့်​အရာက ကျွန်​​တော့်​ထံသို့ လွန်​စွာ အချိန်​​နှောင်းပြီးမှ​ရောက်​ရှိလာခဲ့သည်​။ ကျွန်​​တော်​ချစ်​​သောသူထံမှ မည်​သည့်​အရာကိုမှ​မျှော်​လင့်​ခွင့်​မရှိခဲ့။ နီးစပ်​ရန်​လမ်းစဆိုတာမျိုးကိုလည်းရှာမ​တွေ့။ အဆိုးဆုံးက အခု သူ့ထံမှ အချစ်​ကိုမရသည့်​အပြင်​အမုန်းခံရ​တော့မည့်​အ​ခြေအ​နေမျိုးဖြစ်နေခြင်းပင်။ သူ့မသိခဲ့​သောကျွန်​​တော့်​အချစ်​များ သူမမြင်​ခဲ့​​သောကျွန်​​တော့်​မျက်​ရည်​လက်​ကျန်​များမှာလည်းကုန်ခမ်း​ချင်​​နေပြီဖြစ်​သည်​။ ငိုရလွန်း၍လည်း တစ်​ခါတစ်​​လေ အသက်​ပင်​ရှုမရ​တော့ ​သေ​လောက်​​အောင်​လည်းနာကျင်​ခံစားရသည်

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now