Chapter 108.2

1.6K 275 32
                                    

{Unicode}

အပိုင်း ၁၀၈.

သူတို့ထဲတွင် ဟောင်ကောင်တွင် မွေးဖွားပြီး အင်္ဂလိပ်စကားပြော အလွန်ကောင်းမွန်သည့် လျန်ချိုးယွိမှလွဲ၍ ကျန်သူများမှာ ထစ်ထစ်ငေါ့ငေါ့။ ချီလျန်မှာ ပို၍ပင် စိတ်ရှုပ်ထွေးနေပြီး ဝိဘတ်စကားလုံးများမှ လွဲ၍ ကျန်စကားလုံးများအား သူ မသိချေ။

အစပထမပိုင်းတွင် ရှန့်ချောင်၏ အင်္ဂလိပ်စာမှာ နေ့စဉ်သုံးအတွက် လုံလောက်ရုံမျှဖြစ်ပြီး အဓိကကိစ္စရပ်များတွင် လျန်ချိုးယွိအပေါ်၌ မှီခိုရလိမ့်မည်ဟု သူတို့အားလုံး တွေးထင်ကြသည်။ လက်တွေ့တွင်မူ ရှန့်ချောင်က မြေပုံများ ဖတ်နိုင်သည်သာမက လမ်းညွှန်ဆိုင်းဘုတ်များကိုပါ ဖတ်နိုင်ပြီး သူတို့အားလုံးအား မျက်စိလည်လမ်းမှားမှုမရှိပဲ ဦးဆောင်ခေါ်သွားကာ မကြာခင်မှာပင် မြေအောက်ရထားလိုင်းဆီသို့ ရောက်ရှိလာသည်။

အမှန်တကယ်အားဖြင့် လမ်းညွှန်ဆိုင်းဘုတ်များမှာ နေ့စဉ်သုံးစကားပြောထက် ပို၍ ခက်ပြီး နေရာအများစုနာမည်မှာ ရင်းနှီးကျွမ်းဝင်မှု မရှိသည့်အပြင် စာလုံးအားလုံးသည်လည်း စာလုံးအကြီးများဖြင့် ရေးသားထားခြင်းကြောင့် တချက်ကြည့်ရုံမျှနှင့်ပင် သူတို့အားလုံးကို ခေါင်းကိုက်လာစေသည်။ သို့သော် ရှန့်ချောင်ကား ထိုကဲ့သို့သော ဖိအား ရှိပုံမရ။ လက်မှတ်ဝယ်ပြီးနောက် သူမက မည်သည့်နေရာ၌ ရပ်စောင့်ရမည်ကို သူတို့အား ညွှန်ပြလာသည်။

ကျန်သူများမှာ ရောက်မလာခင်ကတည်းကပင် ခက်ခဲမည့် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ရှန့်ချောင်၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံး ဦးနှောက်ပင်မသုံးလိုက်ရပဲ Sagrada Familia သို့ လွယ်လင့်တကူ ရောက်ရှိလာသည်။

ရှစ်ရွှမ်းက ကိုလံဘီယာတက္ကသိုလ်တွင် ကျောင်းတက်ခဲ့သော်လည်း သူမက အိပ်လိုက်၊ စားလိုက်၊ ပျော်လိုက် လူတန်းစားတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူမကျောင်းတက်နေစဉ်အတွင်း တခါမှ အလေးအနက်မထားခဲ့ဖူးပေ။ နောက်ပိုင်းတွင် သူမမိသားစုက သူမအား စီးပွါးစီမံဘာသာရပ်၌ မာစတာဒီဂရီဆက်ယူခိုင်းသော်လည်း ရှစ်ရွှမ်းက စာမေးပွဲဖြေဆိုရန် ငြင်းဆိုပြီး အနုပညာလောကသို့ ဝင်ရောက်လိုခဲ့သည်။ တဖက်တွင် ဟော့ရှီးကြောင့်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း သူမမေဂျာ၌ အမှန်တကယ် တတ်မြောက်ခြင်းမရှိသောကြောင့် ကျောင်းဆက်မတက်လိုခြင်းပင်။

GTKWF (Myanmar Translation )Hikayelerin yaşadığı yer. Şimdi keşfedin